Red light သီချင်းမှာပါ။

စိုင်းစိုင်းခမ်းလှိုင်က မကြာခင် ထွက်ရှိတော့မယ့် သူ့ရဲ့ သီချင်း " Red Light" ကို Park Bom နဲ့ အတူ Collaboration လုပ်ထားတယ်လို့သိရပါတယ်။

Photo: Sai Sai



စိုင်းစိုင်းခမ်းလှိုင်ကတော့ " Red Light" ဆိုတဲ့ သီချင်းအသစ်လေးကို တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အဆိုတော် 2NE1 အဖွဲ့ဝင်ဟောင်း Park Bom နဲ့ အတူတွဲပြီးလုပ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းကိုလည်း စိုင်းစိုင်းက ဒီနေ့ ( ဒီဇင်ဘာလ ၁၄ ရက်) မှာ သူရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ " Red Light" Music Video လေးရဲ့ သံစဉ်တွေနဲ့ " SAISAI X BOM" ဆိုပြီး တင်ထားတာပါ။

Park Bom နဲ့အတွဲသီချင်း ထွက်ရှိလာမယ့် စိုင်းစိုင်းရဲ့ ပရိသတ်တွေကတော့ ရင်ခုန် စိတ်လှုပ်ရှားနေတာကို တွေ့ရပါတယ်။ ဒီသီချင်းလေး ထွက်မယ့်ရက်ကိုတော့ စိုင်းစိုင်းက ပရိသတ်ကို Surprise လုပ်ထားတာ တွေ့ရပါတယ်။ 

Photo: Park Bom

စိုင်းစိုင်းခမ်းလှိုင် ထွက်ရှိခဲ့တဲ့ သီချင်းတိုင်းကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ အမြဲတမ်း ထပ်တူကျလေ့ရှိပါတယ်။ ဒီတစ်ခေါက် ထွက်ရှိလာမယ့် စိုင်းစိုင်းရဲ့ သီချင်းအသစ်လေးကိုတော့ ပရိသတ်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြပါပြီ။သူဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၂၀၀၀ ခုနှစ်တုန်းက " ချောကလက်ရောင် အိပ်မက်များ" ဆိုတဲ့ Music Album ကို ပထမဆုံး ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၀၁ ခုနှစ်မှာ “ သူငယ်ချင်းများစွာ” ၊ ၂၀၀၃ ခုနှစ်မှာ“ ဖေဖော်ဝါရီ မှတ်တမ်း” ၊ ၂၀၀၄ ခုနှစ်မှာ“Sai Sai Live in Yangon”၊ ၂၀၀၅ ခုနှစ်မှာ“ စိုင်းစိုင်းဟုခေါ်သည်”၊ ၂၀၀၇ ခုနှစ်မှာ “ Happy Sai Sai Birthday” ၊ ၂၀၀၉ ခုနှစ်မှာ“ အမြဲတမ်း ဂေါ်လီ” ၊၂၀၁၂ ခုနှစ်မှာ “ ဒိတ်ဒိတ်ကြဲ” နဲ့ ၂၀၁၈ ခုနှစ်မှာ“ Sai Sai is Sai Sai” စတဲ့ တစ်ကိုယ်တော် အခွေများစွာ ထွက်ရှိခဲ့ပါတယ်။ ဒါ့အပြင် တစ်ကိုယ်တော် ဖျော်ဖြေပွဲများကိုလည်း အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ ထိပ်တန်း အဆိုတော် တစ်ဦးဖြစ်ပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်းဟာ ဂီတမှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ မင်္ဂလာပါ ရုပ်ရှင်ဇာတ်ကား၊ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ ရုပ်ရှင်ဇာတ်ကား၊ ရင်ခုန်နှင်းဆီ ရုပ်ရှင်ဇာတ်ကား၊ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ် ရုပ်ရှင်ဇာတ်ကား၊ ကျူးပစ်ရဲ့ ကျေးကျွန်များ ရုပ်ရှင်ဇာတ်ကား၊ ဧဒင်ရဲ့ နတ်သမီး ရုပ်ရှင်ဇာတ်ကား၊ သင်္ကြန်ပြယုဂ် ရုပ်ရှင်ဇာတ်ကား၊ ဘန်ကောက်မှ မန္တလေးသို့ ရုပ်ရှင်ဇာတ်ကား၊ ဂျုံးဂျုံးဂျက်ဂျက် ရုပ်ရှင်ဇာတ်ကား၊ ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ဇာတ်ကား၊ ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ဇာတ်ကား၊ ကြာတော့သည်လည်း မောင့်စကား ရုပ်ရှင်ဇာတ်ကားနဲ့ ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားသူ တစ်ဦးဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က