အသက်(၄၁) နှစ်ပြည့်သွားပါပြီ။

သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာကတော့ အသက်(၄၁) နှစ်ပြည့် မွေးနေ့လေးကနေစပြီး သူ ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို အခုလို ပြောပြထားပါတယ်။ 

Photo: Soe Myat Nandar



ဒီနေ့ ( ဒီဇင်ဘာလ ၁၅ ရက်) ကတော့ သရုပ်ဆောင် စိုးမြတ်နန္ဒာရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူက မွေးနေ့မှာ ရန်ကုန်မှာမဟုတ်ဘဲ နေပြည်တော်မှာ ရိုက်ကူးရေးနဲ့ ရောက်နေတာဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ကို တက်နိုင်သလောက် အလှူအတန်းလေးတွေ ပြုလုပ်ရင်း မွေးနေ့ကုသလိုလ်ယူခဲ့တယ်လို ဆိုပါတယ်။

“ မွေးနေ့ မှာ ဒါန အလှူ အဖြစ် ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ အားကြည်ညို ဦးထိပ်ထားလျှက် မန္တလေး မဟာဂန္ဓာရုံကျောင်းတိုက် မှာ ရာသက်ပန် မွေးနေ့အလှူရှင်အဖြစ်သံဃာအပါး ၁၀၀၀ ကျော် ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ် ( ကပ်ရောဂါအခြေအနေမို့ သွားလို့မရခဲ့ပါဘူး ) ရှိနေတဲ့ နေရာလေးမှာ ခေတ္တ ဘုရားကျောင်းဆောင်လေး ရှိတာမို့ ပရိတ် ပဌာန်း ရွတ်ဖတ်ပူဇော်ခြင်း ၊ မဟာသမယစေတီတည်ခြင်း ၊ ပဉှာဝါရ ရွတ်ဖတ်ပူဇော်ခြင်း ကုသိုလ်များ ပြုလုပ်ပါတယ်။ ညနေပိုင်းလေးမှာတော့ ဒီမှာရှိတဲ့ ချစ်ခင်သူတွေနဲ့ ညစာအတူစားပါမယ် အနားမှာ အမြဲရှိနေပေးတဲ့ ဘစိုး ကိုလဲ ကျေးဇူးအထူးတင်ရပါတယ်။ မွေးနေ့ကို ရိုးရှင်းစွာဖြတ်သန်းရင်း အသက် ၄၀ ကို ထားခဲ့ပြီး ၄၁ နှစ်မှာ ကောင်းမှုကုသိုလ်တွေနဲ့ပို၍ငြိမ်းချမ်းပါရစေရှင့်” ဆိုပြီးတော့ ဒီဇင်ဘာလ (၁၅) ရက်နေ့ မနက် (၁၀) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာပါ။ 

Photo: Soe Myat Nandar

မွေးနေ့ အမှတ်တရ အနေနဲ့ မိသားစုအတွက် သူ့ရင်ထဲက ခံစားချက်လေးတွေကိုလည်း စိုးမြတ်နန္ဒာ က အခုလို ပြောခဲ့ပါသေးတယ်။ 

“ လူ့လောကမှာ ရှင်သန်ခွင့်ရအောင် မွေးထုတ်ပေးခဲ့တဲ့ ဖေဖေ နဲ့ မေမေ ကို ကန်တော့ ပါရစေ။ မောင်နှမ အရင်းအဖြစ် ရေစက်ဆုံခွင့်ရပြီး ဒီအချိန်ထိ အရိပ်လိုမိုးပေးထားတဲ့ မကြီး ၊ မလေး နဲ့ ကိုကြီး တို့ ကိုလဲ သံသရာကျင်လည်နေသရွေ့ အနီးဆုံးလူတွေအဖြစ်နဲ့ပဲ ပြန်ဆုံတွေ့ခွင့်ရပါရစေ။ တစ်ဦးတည်းသော သားလေး နဲ့ တစ်ဦးတည်းသော တူမလေး ကိုလဲ သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်နိုင်တာလေးတွေ တွေ့မြင်သွားပါရစေ။ ဒီနေ့မွေးနေ့မှာ နေပြည်တော် မှာ ရှိနေပါတယ်။ ဆုတောင်းပေးကြတဲ့ ချစ်သူခင်သူတွေကို တစ်ဦးတစ်ယောက်ခြင်းစီကို လှိုက်လှိုက်လှဲလှဲတန်ဖိုး ထားရပါတယ်။ အသက် ၄၁ နှစ်ဆိုတာ သေခြင်းတရားနဲ့ နီးသထက်နီးလာနေပါပြီ။ တွေ့ကြုံရတဲ့ လောကဓံတွေအရ လူတွေအားလုံးကို မှန်လို မဆက်ဆံပဲ။ သူကောင်းလဲ ကိုယ်ကောင်း၊ သူမကောင်းလဲ ကိုယ်ကောင်း ဆိုတဲ့ အနေထားနဲ့ပဲ နေသွားပါ့မယ်။ ကိုယ့်မိသားစု ကိုယ့် ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေ၊ ကိုယ့် ကို ချစ်တဲ့ ပန်ကာ လေးတွေ နဲ့ပဲ ဘဝ ကို ပျော်ရွှင်ပြည့်စုံစွာ ဖြတ်သန်း ဖို့ ဦးတည်ထားပါတယ်” လို့လည်း ဆက်လက်ရေးသားထားပါသေးတယ်။ 

Photo: Soe Myat Nandar

စိုးမြတ်နန္ဒာဟာ သားဖြစ်သူမြတ်သောမောင်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေပါတယ်။သူမက အနုပညာလောကမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့ TV ကြော်ငြာတွေ အများကြီးကို ရိုက်ကူးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၁ ခုနှစ်တုန်းက " အချစ်ကို မွေးဖွားခြင်း" ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းကလည်း "ချစ်ခြင်းငယ်ပြိုင်" ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပြန်ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က