(၇) ကြိမ်မြောက် ထောက်ပံ့ကြေးဖြစ်ပါတယ်။

သရုပ်ဆောင် ရဲမင်းပိုင်ကတော့ အမေရိကန်မှာ နေထိုင်ရင်း မကြာခဏဆိုသလို ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီးတွေအတွက် ကျန်းမာရေးထောက်ပံ့ငွေတွေ လှူဒါန်းလေ့ရှိပါတယ်။ 

Photo: Thant Sin



ရဲမင်းပိုင်ဟာ လက်ရှိမှာ မိသားစုနဲ့ အတူ အမေရိကန်နိုင်ငံ မှာ နေထိုင်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အနုပညာလောကထဲမှာ အလုပ်တွေ မလုပ်နိုင်တော့တဲ့ လူကြမ်း သရုပ်ဆောင် ကြီးတွေကို မကြာခဏ ကျန်းမာရေး ထောက်ပံ့ငွေတွေ ပေးအပ်လှူဒါန်းနေတာ တွေ့ရပါတယ်။ အခုဆိုရင်လည်း ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီး ကျောက်ရိုင်းဦးအောင်မြတ် ရဲ့ ကျန်းမာရေးအတွက် ထောက်ပံ့ငွေ လှူဒါန်းခဲ့ပါတယ်။ 

" လေဖြတ်ဝေဒနာခံစားနေရသောကိုလူချောအဖွဲ့ဝင် ကျောက်ရိုင်းဦးအောင်မြတ်အား ဖိုက်တာမင်းသား ရဲမင်းပိုင်(အမေရိကန်)မှလှူခိုင်း၍ဦးဇင်း ဦးလှဝင်းမှ သွားရောက်လှူဒါန်း။ ကိုလူချောအဖွဲ့မှ ကိုလူချောအဖွဲ့ဝင်များအား (၇)ကြိမ်မြောက်ထောက်ပံကြေး ပေးအပ်ခဲ့ပါသည်" ဆိုပြီးတော့ လူကြမ်းသရုပ်ဆောင် သန့်စင်ရဲသွေးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းက အမှတ်တရ ဓာတ်ပုံတင်ရင်း ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Thant Sin

ရဲမင်းပိုင်အနေနဲ့ သြဂုတ်လအတွင်းမှာ ကျရောက်ခဲ့တဲ့ ဇနီးဖြစ်သူရဲ့ မွေးနေ့တုန်းကလည်း မွေးနေ့ အလှူအဖြစ် ကိုလူချောအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်မှ တဆင့် ငွေကျပ်(၆) သိန်း လှူဒါန်းခဲ့ပြီး ယင်း အလှူငွေတို့ကို လူကြမ်းသရုပ်ဆောင်ကြီး ဦးတင်မြင့်( လေဖြတ်ဝေဒနာခံစား လူကြမ်းသရုပ်ဆောင်)အား - နှစ်သိန်းကျပ်၊ ဦးဇင်းဦးခေမာ(ခ)ကိုလှဝင်းအား နှစ်သိန်းကျပ်၊ ဦးမြမောင်(လူကြမ်းသရုပ်ဆောင်)အား ခြောက်သောင်းကျပ်၊ သန့်စင်(လူကြမ်းသရုပ်ဆောင်)အမေအား ငါးသောင်းကျပ်၊ ကိုစန်းလွင်(လူကြမ်းသရုပ်ဆောင်) အား သုံးသောင်းကျပ် နှင့် ဇင်မျိုးကျော်(ကိုရဲမင်းပိုင် Fighter Hero သင်တန်း)အား၂၅၀၀၀ နှစ်သောင်းငါးထောင်ကျပ် လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Photo: Thant Sin

သရုပ်ဆောင်ရဲမင်းပိုင်(Ye Min Paing)ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအလုပ်တွေနဲ့ရော၊ ပရိသတ်တွေနဲ့ပါ အဆက်အသွယ် ဝေးနေခဲ့တာ ကြာပါပြီ။ သူ့ ကိုတော့ အရင်တုန်းက ဖိုက်တင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်၊ မြို့ပရိသတ်တွေအများကြီး အားပေးခဲ့ကြ တာပါ။ အဲ့ဒီနောက် အမေရိကကိုရောက်ရှိသွားပြီးနောက်မှာတော့ မြန်မာပရိသတ်တွေ နဲ့ အနုပညာအလုပ်တွေကို ၁၀စုနှစ်အကျော် ဝေးကွာသွားခဲ့တာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က