ဖေဖော်ဝါရီလထဲမှာ သမီးလေးကို မွေးမှာပါ။
Sabal Thwin

နန်းမြတ်ဖြိုးသင်းကတော့ သမီးလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်မှာကတည်းက သမီးလေးနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်နေမိတာလေးတွေကို ပီတိတွေကြားက ပြောပြလာပါတယ်။ 

နန်းမြတ်ဖြိုးသင်းကတော့ ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ထားရတာ ဖြစ်ပြီး ဒီကိုယ်ဝန်ကတော့ သမီးလေး မွေးမှာဖြစ်ပါတယ်။ ဒါကြောင့် သမီးလေးနဲ့ သူနဲ့ အကြောင်းကို စိတ်ကူးလေးတွေ ယဉ်ဖြစ်နေတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ 

“ သမီးလေး ကိုယ်ဝန်ဆိုတော့လေ အရမ်းလှလည်း လှချင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြင်ပြင်ဆင်ဆင် နေပြီး ကြည့်ရ အဆင်ပြေနေတယ်လို့ ထင်တယ်။ ဓာတ်ပုံတွေလည်း အရမ်းရိုက်ချင်နေတယ်။ ဂျက်ဂျက်က (၁) နှစ်နဲ့ (၄) လရှိပြီ။ သမီးလေးနဲ့တော့ (၂) နှစ် ကွာမှာပေါ့နော်။ သမီးလေးနဲ့ ပတ်သက်ပြီး ကိုယ့်မှာ စိတ်ကူးတိုင်း ပျော်ရတာလေး ရှိတယ်။ အဲဒါ အင်္ကျီဆင်တူဝတ်ပြီး ဓာတ်ပုံရိုက်ဖို့။ အခုကနေ Jack Jack နဲ့ကျတော့ ဂျင်း တို့ အရောင့် ရင့်တာတို့ကို ဝတ်ရတယ်။ တကယ်တော့ နန်းမြတ်က အရောင် နုနုလေးတွေ ကြိုက်တာ အခု သမီးလေး မွေးမှာဆိုတော့ အတော်ပဲ ဆင်တူ အရောင်နုနုလေးတွေ ဝတ်မယ် ပျော်စရာကြီး” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: Nann Myat Phyo Thin

အခုဆိုရင်တော့ ကိုယ်ဝန်က (၇) လရှိပြီလို့ နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။ သမီးလေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မွေးဖွားမယ်လို့ ဆိုပါတယ်။ 

“ဗိုက်ကလေး တော်တော် ပူနေပြီ ကိုယ်ဝန် (၇) လရှိပြီ။ ကိုယ်ဝန်နဲ့ ဆိုတော့ စိုးရိမ်စိတ်တွေ ရှိတယ်။ ဘာလဲဆိုတော့ ကလေးကို နောက်ကျမှ မွေးမှာမျိုး၊ စောစော မွေးမှာမျိုးတွေကို စိုးရိမ်တယ်။ ကိုယ့်ကလေး ကျန်းမာဖို့တွေ အများကြီးပါပဲ။ တစ်ခုခု ဆိုရင် OG နဲ့ ဖုန်းဆက်ပြီး ပြောလို့ရတာပေါ့လေ။ ဒါပေမယ့်လည်း စိတ်ပူတာပါပဲလေ။ ဖေဖော်ဝါရီထဲမှာ မွေးမှာလေ။ ရက်ကတော့ သေသေချာချာ မသိရသေးပါဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nann Myat Phyo Thin

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ သားလေး jack jack ကို မွေးဖွားပြီးတဲ့နောက် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ သားလေးဟာ အသက် (၁) နှစ်ပြည့်ပြီးဖြစ်ပါတယ်။ သားလေးရဲ့ နာမည်အရင်းကိုတော့ ခွန်ဘုန်းသုဒ္ဓ လို့ နာမည်ပေးထားပါတယ်။ နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သားဦးလေးကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟန်သာ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ 

သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် " ဖေ့စ်ဘွတ်ဘုရင်မ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် TV ကြော်ငြာတွေလည်း များစွာရိုက်ကူးခဲ့ရသူဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ ဂီတကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် သူငယ်ချင်းဖြစ်တဲ့ နန်းသူဇာနဲ့ အတူ "Friend" ဆိုတဲ့ အခွေ တစ်ခွေ ထွက်ရှိထားတာလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က