နှစ်ပေါင်းများစွာ အိမ်ထဲမှာ တစ်ယောက်တည်းနေလာခဲ့ရတဲ့ အဘွားတစ်ဦးပါ။

ခြေထောက်ဒဏ်ရာကြောင့် အိမ်အပြင်ကို မထွက်နိုင်တာ (၂) နှစ်ကျော်ရှိပြီဖြစ်််ကာတစ်ယောက်တည်းနေထိုင်နေရတဲ့ အသက် ၈၅ နှစ်အရွည် အဘွားတစ်ဦးအတွက် ထွန်းကိုကိုက စားနပ်ရိက္ခာ နဲ့ ဝှီးချဲ ကုသိုလ်အလှူပြုခဲ့တဲ့အပြင် ကြင်နာဂရုစိုက်မှုတွေနဲ့ အဘွားကို ပျော်ရွှင်စေခဲ့ပါတယ်။

Photo: Htun Ko Ko



သရုပ်ဆောင်ထွန်းကိုကိုက "ထွန်းကိုကို ကို ချစ်ကြသူများ" အဖွဲ့နဲ့ အတူ ခြေထောက်ဒဏ်ရာကြောင့် အပြင်ကို မထွက်တာ (၂) နှစ်ကျော်ရှိပြီဖြစ်တဲ့ အသက် (၈၅) နှစ်အရွယ် အဘွားအို တစ်ယောက်အတွက် ဝှီးချဲ နဲ့ စားနပ်ရိက္ခာများ၊ ကျန်းမာရေးထောက်ပံ့ငွေများကို သွား‌ရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) facebook Page Chat Box ကနေပြီးတော့ မဆုမွန်ဆိုတဲ့ ညီမလေးတစ်ယောက်က လာကူညီတောင်းပါတယ်။ အမေကြီး လမ်းမလျှောက်နိုင်လို့ ဝှီးချဲလ်(၁)စီးလောက်လှူဒါန်းပေးဖို့ အကူအညီတောင်းပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ လမ်းညွှန်မှုဖြင့် စောင်၊ အနွေးထည် အခြားအသုံးအဆောင်ပစ္စည်းများနှင့် အလှူရှင်များ လှူဒါန်းထားသော ဝှီးချဲလ်များထဲမှာ ကောင်းကောင်း(၁)စီးကို သေချာ ဆေးကြာသန့်စင်၍ အမေကြီး အတွက် ရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကို နှင့် ထွန်းကိုကိုချစ်ကြသူများမှ အမေကြီး လိုအပ်တာအသုံးပြုရန် အလှူငွေ-၁၀၀,၀၀၀/-(တစ်သိန်းကျပ်တိတိ)အား လှူဒါန်းပေးခဲ့ပါသည်။စေတနာ့လုပ်အားပေး အသင်းသား ကိုလပြည့်ဝေးမှလည်း ဘီစကစ်မုန့်ပုံး(၁)နှင့် အိုဘာတင်း(၁)ဗူးတို့ကို လှူဒါန်းခဲ့ပါတယ်” ဆိုပြီူတော့ ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Htun Ko Ko

အဘွားက ရွှေပြည်သာမြို့နယ် လှော်ကားဂိတ်အောက်၊ (ထ/၁၆ ရပ်ကွက်)၊ အောင်မေတ္တာလမ်းမကြီးဘေးမှာ နေထိုင်တယ်လို့ သိရပါတယ်။ လမ်းမလျှောက်နိုင်တော့တဲ့ အဘွားက ရပ်ကွက်ထဲက ဆောက်ပေးတဲ့ အိမ်သေးသေးလေးထဲမှာ တစ်ယောက်တည်း နေရသူဖြစ်တဲ့အကြောင်း ထွန်းကိုကိုက ပြောပြလာပါတယ်။

“ အမေကြီး ဒေါ်ခင်ကြည်ဟာ အသက်(၈၅) နှစ်ရှိပါပြီ။ ဘယ်ဘက်ခြေထောက် တစ်ဖက်ကတော့ ဆိုင်ကယ်တိုက်အတိုက်ခံရပြီး စတီးရိုးထည့်ထားရတယ်။ အိမ်အပြင်ဘက်ကို မထွက်ရတာ (၂)နှစ်ကျော်ပြီ။အကြောင်းကတော့ စတီးရိုးထည့်ထားတဲ့ ခြေထောက်က အရမ်းနာတာရယ် နည်းနည်းတိုနေတာရယ်ကြောင့် လမ်းမလျှောက်နိုင်ဘူး။ရပ်ကွက်က ဆောက်ထားပေးတဲ့ အိမ်သေးသေးလေးထဲမှာ တစ်ယောက်တည်းနေရင် အချိန်တွေကို ကုန်ဆုံးစေတယ်။ သားသမီး သုံးယောက် မွေးခဲ့တယ် သမီးအကြီးက အသက်(၅၇)နှစ် နဲ့ သားတစ်ယောက်က အသက်(၅၀)မှာ တစ်လပဲ ခြားပြီးဆုံးသွားတယ်လို့ အမေကြီးက မျက်ရည်ဝဲကာ ပြောပြတယ်။ စားဖို့သောက်ဖို့ကို ပတ်ဝန်းကျင်ကဘဲ တာဝန်ယူပေးပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

ဒါ့အပြင် အဆိုတော် ထွန်းကိုကို ဟာ သူ လှူဒါန်းထားတဲ့ ဝှီးချဲလေးအပေါ် အဘွားအိုကို တင်ပြီး အိမ်အနီးအနားက ပတ်ဝန်းကျင်ကို တွန်းပြီး လိုက်လံပြသခဲ့ပါတယ်။ အဘွားက ဒီနေ့လို မပျော််ရွှင်ခဲ့ရတာ ကြာပြီလို့ ပြောရင်း ဆုတွေ အများကြီးပေးခဲ့တဲ့အကြောင်းလေးကို ထွန်းကိုကိုက ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်။

Photo: Htun Ko Ko

ထွန်းကိုကိုဟာ ပရဟိတလုပ်ငန်းတွေကို နာရေးကူညီမှုအသင်းနဲ့ ပူးပေါင်းပြီး တစိုက်မတ်မတ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်အပေါ် ကြိုးစားဆောင်ရွက်မှုတွေကြောင့် နာရေးကူညီမှုအသင်းရဲ့ ဆက်ခံသူဖြစ်လာလေမလားဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားလို့နေပါတယ်။ ဒါ့အပြင် သူ့ကို ချစ်ခင်အားပေးကြတဲ့ အမာခံပရိသတ်တွေနဲ့လည်း " ထွန်းကိုကို ကိုချစ်ကြသူများ" ဆိုတဲ့ အဖွဲ့လည်း ဖွဲ့စည်းပြီး လစဉ် အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia New Star Model Contest ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး လူသိများလာတဲ့ ထွန်းကိုကို ( Yanpaing Tun Ko) ဟာ တီဗီကြော်််ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ရိုက်ကူးခဲ့ရပြီးတဲ့နောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ပြီး အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။



Share

Loading Next Article...
က္က