ပရိသတ်တွေကလည်း စိုးရိမ်နေခဲ့ကြပါတယ်။

အဆိုတော်နီလန်းကတော့ ကြက်တောင်ရိုက်ရင်း ညာဘက်မျက်လုံးထိခိုက်မိခဲ့တာကြောင့် ခွဲစိတ်မှု လုပ်ရမယ်လို့ ဆိုပါတယ်။ 

Photo: Nelin



နီလန်းကတော့ ကြက်တောင်ရိုက်ရင်း ညာဘက်မျက်လုံးထိခိုက်မိခဲ့တာကြောင့် သူမ လက်ခံထားတဲ့ အလုပ်တွေကို ရက်ရွှေ့ရတော့မယ်လို့ ပြောပါတယ်။ ဒီ မျက်လုံးကိုလည်း မကြာခင် ခွဲစိတ်ဖို့ ပြင်ဆင်နေပြီလို့ သူက ဆိုပါတယ်။ 

" ဒီနေ့ တစ်ခါမှမရိုက်စဖူး ကြက်တောင်သွားရိုက်ရင်း မျက်လုံး ထိခိုက်မိတာကြောင့် လက်ခံထားသော Live Sale များအားလုံး ကို ရက်ရွှေ့ဆိုင်းခြင်းများပြုလုပ်သွားမည်ဖြစ်ပါသည်။ တနင်္ဂနွေနေ့တွင် မျက်စိ ခွဲစိတ်မှု့ပြုလုပ်မည် ဖြစ်ပါသောကြောင့် အလုပ်ကိစ္စနှင့်ပတ်သက်သည်များအား လတ်တလောတွင် ခေတ္တ ခဏ ဆိုင်းငံ့ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်" ဆိုပြီးတော့ ဒီဇင်ဘာလ (၁၇) ရက်နေ့ ည (၇) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Nelin

သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ နီလန်းရဲ့ မျက်စိဝေဒနာ အမြန်ဆုံးသက်သာစေဖို့အတွက် Comment ကနေတဆင့် ဆုတောင်းပေးထားကြပါတယ်။ သူမဟာ ကိုဗစ်ကာလမှာ အွန်လိုင်းပေါ်ကနေတဆင့် အလှအပရေးရာနဲ့ ပတ်သက်တဲ့ အသုံးအဆောင်တွေကို ရောင်းချနေတာပါ။ ဒါ့အပြင် ဂီတအလုပ်တွေ အဆက်မပြတ်သွားစေဖို့အတွက် ဒီဇင်ဘာလ (၆) ရက်နေ့တုန်းက "ငါမှားတယ်" ဆိုတဲ့ Music Video လေးကို ပရိသတ်တွေ နားထောင်ဖို့ မိတ်ဆက်ပေးထားပါသေးတယ်။ 

Photo: Nelin

နီလန်းကိုတော့ ပရိသတ်တွေက Myanmar idol (Season-3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ ပြိုင်ပွဲပြီးသွားတဲ့နောက်မှာတော့ " Going Crazy" ၊ " ပိုချစ်ပေးပါ" Single Song လေးတွေ ထွက်ရှိခဲ့ပါတယ်။ နောက်ဆုံး အနေနဲ့ကတော့ " ငါမှားတယ်" ဆိုတဲ့ Music Video လေး ထွက်ရှိထားတာပါ။ ဒါ့အပြင် သူမဟာ သူနှစ်သက်တဲ့ သီချင်းလေးတွေကို Cover Song အနေနဲ့ ပြန်လည် သီဆိုထားတာကိုလည်း တွေ့ရပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး ပရိသတ် အခိုင်အမာ ရရှိလာတဲ့ နီလန်းဟာ Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က