မြမိုးဟင်္သာ လို့ နာမည်ပေးထားတာပါ။

ချမ်းချမ်းကတော့ သမီးလေး နှစ်ယောက်နဲ့ အတူ ဖြတ်သန်းရမယ့် ဘဝလေးကို စိတ်ကူးတွေယဉ်ပြီး တွေးထားတဲ့ အကြောင်းလေးတွေကို အခုလို မျှဝေခဲ့ပါတယ်။ 

Photo: Chan Chan



အဆိုတော် ချမ်းချမ်းကတော့ အခုဆိုရင် ခင်ပွန်းဖြစ်သူ Enrico နဲ့ ရရှိတဲ့ ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပါတယ်။ အခုချိန်မှာ ကိုယ်ဝန်က ၅ လကျော်လာပြီလို့ သိရပါတယ်။ ချမ်းချမ်း အနေနဲ့ သမီးကြီး မြမိုးဂင်္ဂါ လိုပဲ သမီးငယ်လေးကိုလည်း မြမိုးဟင်္သာလို့ အမည်ပေးလိုက်ပါတယ်။ 

" ဒီနေ့မြန်မာနာမည်လေးတွေ သမီးလေးအတွက်စဉ်းစားနေတာ နောက်မွေးလာမယ့်သမီးလေးအတွက် ကောင်းကင်ကြီးကိုမော့ကြည့်မိတုန်း idea လေးရတယ်။သမီးလေးတွေကအေးချမ်းမယ့်ဘဝကိုပိုင်ဆိုင်ကြရမှာမို့ မြမိုးဂင်္ဂါရယ်၊ မြမိုးဟင်္သာရယ်လို့အမည်ပေးမယ်။ အမေ့သမီးလေးတွေမှာအေးချမ်းတဲ့ ဘဝလေးတွေရှိစေဖို့ရယ်တစ်ယောက်နဲ့တစ်ယာက်အမှီသဟဲရစေဖို့ ဂင်္ဂါလေးနဲ့ဟသာင်္လေး၊ ကိုယ့်ဘာသာကိုယ်ပေးပြီးကြိုက်နေပြီ မရတော့ဘူး မေ့မေသမီးလေးတွေရေ နှစ်သစ်ကိုတူတူကြိုကြမယ်နော်" ဆိုပြီးတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လယ် (၂) နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Chan Chan

ချမ်းချမ်း ဟာ လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးကို ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ သူမကိုယ်တိုင်ကလည်း သမီးလေးတွေကို အမှားအမှန် ခွဲခြားသိမြင်နိုင်တဲ့ မိန်းကလေးတွေဖြစ်အောင် သွန်သင်ပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ 

" လာမယ့်နှစ်သစ်မှာလူသစ်စိတ်သစ်နဲ့နေသွားတော့မယ်။ လူ့ဘဝမှာအပင်ပန်းဆုံးသော အိုခြင်း၊နာခြင်း၊ သေခြင်းတွေမတိုင်မီကိုယ်ရထားတဲ့အေးချမ်းတဲ့မိသားစုဘဝလေးကိုသမီးလေးနှစ်ယောက်နဲ့အေးချမ်းစွာဖြတ်သန်းမယ်။ တွေးမိတိုင်းပျော်တယ်၊ ဘဝကိုကျေနပ်တယ်၊အတိတ်မှာမွန်းကျပ်ဖို့ထပ်ရုန်းထွက်ဖို့ခွန်အားတွေပေးတဲ့ သမီးလေးတွေရယ် ကိုယ့်ကိုချစ်တဲ့ခင်ပွန်းရယ်၊ မိတ်ဆွေတွေ၊ မိသားစုဝင်တွေရယ် ပရိသတ်တွေရယ်ကျေးဇူးအထူးပါ။ အချိန်တိုင်းတရားသောအားဖြင့်တစ်ပါးသူကိုကြည့်တတ်သူ၊ ကိုယ့်ကြောင့် သူတစ်ပါးမျက်ရည်မကျအောင်ကြိုးစားကာလက်ရှိအခြေအနေကိုတရားသဘောဖြင့်အေးချမ်းစွာကြည့်တတ်သူ၊ အရာရာကို ခွင့်လွှတ်၊ ရန်သူကိုအရှုံးပေး၊ အများအကျိုးကိုသယ်ပိုးနိုင်သူ မိန်းမကောင်းမိန်းမမြတ်အနေနဲ့..သမီးလေးတွေကို အမှန်အမှားခွဲခြားတတ်နိုင်၊ သွန်သင်နိုင်သောမိခင်ဖြစ်ပါရစေ" လို့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Chan Chan

ချမ်းချမ်း ဟာ နှစ်ဟောင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီး နှစ်သစ်မှာ သူမရဲ့ ဆန္ဒအတိုင်း အကောင်းဆုံးတွေ ဖြစ်လာဖို့အတွက် ကြိုးစားနေထိုင်သွားမယ်လို့ ဆိုပါတယ်။ 

"ပြီးဆုံးသွားခဲ့သောအရာရာအတွက်သင်ခန်းစာယူရင်းလက်ရှိကျန်ရှိနေတဲ့ နေ့သစ်တွေကို အကောင်းဆုံးအမြင်နဲ ့နေထိုင်သွားမယ် မေတ္တာပေးသူကို မေတ္တာပေးပြီး အကုသိုလ်ပေးသူများကိုလျစ်လျူ ရှု့နိုင်သော သူ၊ ခွင့်လွှတ်နိုင်သောသူဖြစ်ပါရစေ ဘုရားသခင်။ အရာအားလုံးအတွက်ကျေးဇူးတင်စွာနဲ့နှုတ်ဆက်ပါတယ်။ မနက်ဖြန်ဟာ ကျွန်မဘဝ၊ မိသားစုလေး အတွက်နေ့ရက်သစ်တွေပဲ အားရှိစွာနဲ့ရှေ့ဆက်မယ်။ သမီးလေးတွေနဲ့ covid ကြီးပြီးရင်ကမ္ဘာပတ်မယ်၊ ခရီးတွေထွက်မယ်၊ Disneyland သွားမယ်၊ ဈေးဝယ်မယ်၊ တဝကြီးပျော်ကြမယ်" လို့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Chan Chan

ချမ်းချမ်းရဲ့ ခင်ပွန်းကတော့ အီတလီနိုင်ငံသား တစ်ဦးဖြစ်ပြီး နာမည်ကတော့ Enrico လို့ ခေါ်ပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူကို ဒီဇင်ဘာလ (၁) ရက်နေ့က ပရိသတ်နဲ့ မိတ်ဆက်ပေးရင်း သူမ မှာလည်း ကိုယ်ဝန်လွယ်ထားရပြီဆိုတာကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် တရားဝင် ပြောပြလာတာဖြစ်ပါတယ်။ ဒုတိယမြောက် ရင်သွေးလေးကိုတော့ အီတလီနိုင်ငံမှာ သွားရောက်မွေးဖွားဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ချမ်းချမ်းက Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တဲ့ ချမ်းချမ်းက ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက်‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က