ဒီနေ့ မနက်မှာ ဆုံးပါးသွားတာပါ။

လူရွှင်တော် ဧရာကတော့ ဒီနေ့ (ဒီဇင်ဘာလ ၁၉ ရက်) မနက် ၃ နာရီ ၃၉ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ 

ပရိသတ်တွေကို အမြဲတမ်းအလိုလို ဟာဒယရွှင်ဆေး တိုက်ကျွေးလေ့ရှိတဲ့ လူရွှင်တော် ဧရာကတော့ ဒီနေ့ ( ဒီဇင်ဘာလ (၁၉) ရက်နေ့ မနက်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဦးဧရာရဲ့ အသက်ဟာ (၆၁) နှစ်ရှိပါပြီ။ 



“ မနက် ၃ နာရီ ၃၉ မိနစ်မှာ ဆရာ ကိုဧရာ ဆုံးပါးသွားပါပြီ။ လေးစားချစ်ခင်ရပါသော ဆရာကိုဧရာ ကျွန်တော်ပြုအပ်သော ကုသိုလ်ကောင်းမှုအစုစုကို အမျှအတန်းပေးဝေပါတယ် ။ရောက်ရာ ဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေ ဆရာ” ဆိုပြီးတော့ လူရွှင်တော် အောင်သော်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဒီဇင်ဘာလ (၁၉) ရက်နေ့ မနက် အစောပိုင်းက ရေးသားရင်း ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ဧရာ ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေရော၊ အနုပညာအသိုင်းအဝိုင်းကပါ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

 

လူရွှင်တော် ဧရာဟာ နိုဝင်ဘာလ (၃၀) ရက်နေ့တုန်းက ကိုဗစ်ကူးစက်ခံလိုက်ရတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။ ဆေးကုသမှု ခံယူနေရတဲ့ အချိန်မှာလည်း အောက်ဆီဂျင် အမြဲမပြတ် ရှုနေရတယ်လို့လည်း ယခင်က Duwun မှ ဖုန်းဖြင့်ဆက်သွယ်ရာမှ မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိခဲ့ရတာပါ။ 

လူရွှင်တော် ဧရာကတော့ ကျန်းမာရေးအခြေအနေအရ ခါးနာရောဂါကြောင့် ၂၀၁၉ ခုနှစ်က အရိုးဆေးရုံကြီး (ကြည့်မြင်တိုင်)မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ဒီဝေဒနာကို ခံစားနေရတာ အခုဆိုရင် ၂ နှစ်ကျော်လာတာဖြစ်ပြီးသူ့ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့တာကြောင့် အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်ချင်တဲ့ ဆန္ဒရှိတာကိုလည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

လူရွှင်တော်ဧရာရဲ့မိသားစုမှာတော့ ဇနီးဖြစ်သူရယ်၊ သမီးရယ်၊ မြေးလေးရယ်၊ သားမက်ရယ် ရှိတယ်လို့ သိရပါတယ်။ သူဟာ ပရိသတ်တွေကို ဟာသပြက်လုံးတွေ နဲ့ ရယ်မောစရာတွေကို ဖန်တီးပေးတတ်တဲ့ လူရွှင်တော် တစ်ဦးဖြစ်သလို ဟာသသရုပ်ဆောင် တစ်ဦးလည်းဖြစ်ပါတယ်။ ဟာသအစီအစဉ်လေးတွေမှာလည်း အစီအစဉ်တင်ဆက်သူ၊ အကဲဖြတ်ဒိုင်လူကြီး တစ်ယောက်အဖြစ် အမြဲပါဝင်လေ့ရှိသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က