သူမအတွက် အရမ်းကို Surprise ဖြစ်သွားခဲ့တာပါ။
Ei Ei Myat

အေးချမ်းမိုးကတော့ ချစ်သူနဲ့အတူတူ ညစားစားဖို့ ချိန်းထားရာမှ မမျှော်လင့်ဘဲ လက်ထပ်ခွင့်တောင်းတာ ခံလိုက်ရတာ ဖြစ်ပါတယ်။

Photo ;Thet Htun Aung

အလှမယ် အေးချမ်းမိုးကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူ ဖြစ်ပါတယ်။ သူမတို့ ချစ်သူနှစ်ဦးရဲ့ ချစ်သူ သက်တမ်းရက်(၃၀၀) ပြည့်တဲ့နေ့လေးမှာ ချစ်သူ ကောင်လေးကို လက်ဆောင်ပေးဖို့ ပြင်ဆင်နေတာတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုလေးနဲ့ တင်ပြီး ပြောခဲ့ပါသေးတယ်။

တကယ်တမ်း နှစ်ပတ်လည်နေ့လေးမှာတော့ မမျှော်လင့်ဘဲ ကောင်လေး ဆီကနေ လက်ထပ်ခွင့်တောင်းတာကို ခံလိုက်ရတဲ့ အတွက် သူမအနေနဲ့ ပျော်လို့မဆုံးဖြစ်ခဲ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ နှစ်ပတ်လည်း အမှတ်တရနေ့လေးအကြောင်းကိုလည်း အေးချမ်းမိုးရဲ့ ချစ်သူကောင်လေးက အခုလို ပြောပြထားတာ တွေ့ရပါတယ်။

“The day I promised her that i will be with u till the end of my life. ဘဝအတွက် အမှတ်တရအဖြစ်ဆုံး excited အဖြစ်ရဆုံး​နေ့​လေးတစ်​နေ့ပါ။ ကျွန်တေ်ချစ်ရတဲ့က​လေး Aye Chan Moe နဲ့ တစ်ဘဝလုံး အတူဖြတ်သန်းဖို့အတွက် ပထမဆုံး​ခြေလှမ်းစတင်တဲ့​နေ့​လေးပါ။ တကယ်က ကျွန်တေ်သူ့ကို ရက်၃၀၀ပြည့်အတွက် dinner date လို့ဘဲ​ပြောထားပြီး ချစ်ရတဲ့ ရင်းနှီးတဲ့ သူငယ်ချင်း, ညီအစ်ကိုများ နဲ့ မရမရ​အောင် ကြိတ်စီစဥ်ခဲ့ရတဲ့​နေ့​လေးပါ။အလွဲလွဲအ​ချော်​ချော်​တွေ ပွဲမစခင်မှာဖြစ်​ပေမယ့် Planအတိုင်း အကုန်ပြီး​မြောက်သွားလို့ အရမ်းကိုဝမ်းသာ​ပျော်ရွှင်မိပါတယ်။အ​ပျော်ရဆုံးက​​တော့ Surpriseလုပ်ရခက်တဲ့ ကျ​နော့်ချစ်သူကို Surpriseလုပ်နိုင်ခဲ့ပြီး အနားမှာရှိခွင့် လက်ထပ်ခွင့်ကို လက်ခံ​ပေးခဲ့လို့ပါ.။အရမ်းချစ်ပါတယ်​နော်က​လေး​ရေ...ဝိုင်းဝန်းကူညီ​ပေးကြသူများ, ဂုဏ်ပြု​ပေးကြသူများ, onlineမှ ​ကောင်းချီး​ပေးကြသူများ သူငယ်ချင်းညီအကို​မောင်နှမများ အားလုံးကို အထူး​ကျေးဇူးတင်ပါတယ်။COVID ကာလဖြစ်တဲ့အတွက် ချမှတ်ထား​သော စည်းကမ်းများနှင့်အညီပြုလုပ်ရ​သော အစီအစဥ်လေးဖြစ်တာ​ကြောင့် ဖိတ်ကြားချင်​သော်လည်း အ​ကြောင်းအမျိုးမျိုး​ကြောင့် ပျက်ကွက်မှုများရှိခဲ့​သော နားလည်ခွင့်လွှတ်​ပေးပါရန် ​တောင်းပန် ​မေတ္တာရပ်ခံအပ်ပါတယ်။” ဆိုပြီး အေးချမ်းမိုးရဲ့ ချစ်သူ ကိုသက်ပိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာပါ။



Photo ;Thet Htun Aung

သူမရဲ့ အချစ်ရေးကို ကြည့်ပြီးပရိသတ်တွေကလည်း ကြည်နူးပီတိဖြစ်လို့နေကြသလို အေးချမ်းမိုးရဲ့ မင်္ဂလာသတင်းလေးကိုတော့ မကြာခင်မှာ ကြားရတော့မှာ ဖြစ်လို့ သူမရဲ့ ပရိသတ်တွေအားလုံး က ပျော်လို့ နေပါတယ်။ အေးချမ်းမိုးဟာ နိုင်ငံကျော်အလှမယ်တစ်ယောက်ဖြစ်သလို ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်ပါ တယ်။Miss Universe Myanmar 2013၊ Miss Grand Myanmar 2017 စတဲ့ အလှမယ်ပြိုင်ပွဲဝင်တွေကနေ ပရိသတ်အားပေးမှုကို ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။


Author

  • Ei Ei Myat

    Senior Reporter


က္က