ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကြလား။

ပြိုင်ပွဲဝင်လေးဦးစလုံးဟာ အကောင်းဆုံး ယှဥ်ပြိုင်ခဲ့ကြပေမယ့် နောက်ဆုံး Winner ဆုကြီးကို Rဇာနည် ရဲ့ Team က ပြိုင်ပွဲဝင် N Oo L က ဆွတ်ခူး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo : The Voice

The Voice Myanmar season -3   Grand Final ပြိုင်ပွဲကြီးကတော့ ဒီနေ့ညမှာ ပြီးဆုံးလို့သွားခဲ့ပါပြီ။ ဒီညမှာတော့ Top – 4 တွေဖြစ်ကြတဲ့ ခင်ရတနာစိုး၊ N Oo L ၊ Error ၊ Twan Pee တို့က အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ကြရာ Winner ဆုကိုတော့ R ဇာနည် Team က ပြိုင်ပွဲဝင် N Oo L က ဆွတ်ခူး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo : R Zar Ni

The Voice Myanmar ပြိုင်ပွဲကြီးရဲ့ Season -1 နဲ့ Season -2 မှာ Winner ဆုကို အမျိုးသားအဆိုရှင်များ ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်သလို ဒီနှစ် Season –3မှာလည်း အမျိုးသား အဆိုရှင်ကပဲ ဆုရရှိခဲ့တာ တွေ့ရပါတယ်။ ဒီနှစ် Winner ဆုရှင်ကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူ ကြခဲ့တယ်လို့ ဆိုရမှာပါ။

The Voice Myanmar Season – 3 ပြိုင်ပွဲမှာ Winner ရရှိတဲ့သူ N Oo L ကတော့ ဆုကြေးငွေ သိန်းနှစ်ရာ ၊ FG Entertainment နဲ့ သီချင်းခွေ ထုတ်ခွင့်ရမှာ ဖြစ်သလို  MG Brand ကားတစ်စီးကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။






Share

Loading Next Article...
က္က