ဒီနေ့ကတော့ သူမရဲ့ မွေးနေ့ဖြစ်ပါတယ်။

အဆိုတော် ကော်နီကတော့ ဒီနေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးမှာ ဂီတနဲ့ပတ်သက်တဲ့ ခံယူချက်ကို အခုလို ပြောလာခဲ့ပါတယ်။ 

photo:ကော်နီ



ဒီဇင်ဘာလ (၂၁) ရက်နေ့ကတော့ အဆိုတော် ကော်နီရဲ့ မွေးနေ့ ရက်မြတ်လေး ဖြစ်ပါတယ်။ သူမဟာ ဂီတနဲ့ ပတ်သက်ပြီး ငယ်စဉ်ကတည်းက လှုပ်ရှားမှုတွေ ရှိခဲ့သလို အခုချိန်ထိတိုင် အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်လာတဲ့ ခံယူချက်ကို ပြောပြခဲ့ပါတယ်။ 

" ကိုယ့်ရဲ့အသက် တစ်နှစ်ထပ်ကြီးသွားရပြန် ပြီပေါ့ကွယ်။ သြော် ကလေးဘဝကတည်းက ဖက်တွယ်ခဲ့ရတဲ့ တေးသံရှင်ဆိုတဲ့ ဘဝကြီးကို ခုချိန်ထိမငြီးမငြူ မြတ်နိုးတန်ဖိုးထားလို့ ကျွန်မငြိတွယ်နေမိတုန်းပါဘဲလားလို့။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာပြီးရင် ကျွန်မအားကိုးတန်ဖိုးထားမိတာက ကျွန်မကိုချစ်တဲ့ ချစ်ပရိသတ်ပါဘဲ။ ကျွန်မကိုဒီအရွယ်၊ ဒီအချိန်အထိ ရှင်သန်ခွင့်ပေးခဲ့တဲ့ အတွက် ကျေးဇူးကမ္ဘာပါအချစ်တို့ရေ"ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။ 

photo:ကော်နီ

ကော်နီဟာ သူမရဲ့ မွေးနေ့ အမှတ်တရလေး အဖြစ် သီချင်းအသစ်လေးတစ်ပုဒ်ကို မကြာခင်မှာ ပရိသတ်နဲ့ မိတ်ဆက်ပေးတော့မယ်လို့ ပြောပါတယ်။ 

"မနက်ဖြန်မကော်ရဲ့ Music Video လေး လိုင်းပေါ်မတင်ဖြစ်သေးပါဘူးနော်။ နောက်ကိုတစ်ပတ်ဆုတ်လိုက်ပါတယ်။ လာမယ့်(၂၈)ရက်နေ့မှာ " ရေစက်" လို့အမည်ရတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းသစ်လေးကို အားပေးမှာလားချစ်ရသူတို့ရေ" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo:ACT

ကော်နီကိုတော့ "ကိုကိုချစ်" ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေစတင်သိရှိခဲ့တာပါ။ အသံပါဝါအားကောင်းတဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ တစ်ကိုယ်တော်အခွေများစွာလည်း ထွက်ရှိထားသူပါ။ မိခင်ရဲ့ ကျန်းမာရေးကြောင့် ဂီတအလုပ်တွေ မလုပ်ဖြစ်တာ တော်တော်ကြာနေပါပြီ။ အဲ့ဒီနောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်မိတ်ဆက်လိုက်တဲ့ ‘’ဆေး’’ ဆိုတဲ့ သီချင်းအသစ်လေးနဲ့ ပရိသတ်ရင်ထဲကို ပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။ ဒီသီချင်းကို ဝေကြီးက ရေးစပ်ပေးထားတာဖြစ်ပါတယ်။ နိုဝင်ဘာလ အတွင်းတုန်းက " အဓိပတိ" အလွမ်းဆိုတဲ့ Single လေး ထွက်ရှိထားသလို နောက်ဆုံး အနေနဲ့ " ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ" ဆိုတဲ့ စုံတွဲ သီချင်းလေး ထွက်ရှိထားတာကိုလည်း တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က