မြန်မာပြည်ကို ပြန်လာရတဲ့ အကြောင်းအရင်းကို ပြောခဲ့ပါတယ်။

နိုင်းနိုင်းကတော့ ခရီးတွေ ထွက်၊ ရိုက်ကူးရေးတွေ လုပ်ခွင့်ရပြီဆိုတာနဲ့ ပထမဆုံး အကောင်အထည်ဖော်သွားမယ့် ဆန္ဒကို အခုလို ပြောပြလာပါတယ်။ 

Photo: Nine Nine



သရုပ်ဆောင်နိုင်းနိုင်းကတော့ အနုပညာအလုပ်တွေ ပြန်လုပ်ချင်နေပြီလို့ဆိုပါတယ်။ ခရီးတွေ ထွက်လို့ရပြီဆိုရင် သူကိုယ်တိုင် ဝါသနာပါတဲ့ အရာလေးကို အကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်။ 

“ အလုပ်တွေလည်း ပြန်လုပ်ချင်နေပါပြီ။ ကျွန်တော် ဒီတစ်ခေါက် မြန်မာပြည်ကို ပြန်လာတာက Documentary လုပ်ဖို့ ပြန်လာတာပါ။ တကယ်ကို အပြင်မှာ လက်တွေ့ဆန်ဆန် ခရီးသွားတဲ့ ပုံစံမျိုး လုပ်ချင်တာပါ။ အခုချိန်မှာက ဘာမှ အကောင်အထည်ဖော်လို့ မရသေးဘူး။ ဒါပေမယ့် တကယ်သွားလို့ရပြီ၊ ထွက်လို့ရပြီ ဆိုတဲ့ အချိန်ကျရင် အရင်ဆုံး အကောင်အထည်ဖော်မယ်။ ရုပ်ရှင်ရိုက်ကူးရေးကတော့ “ ဘယ်ဆီကို မင်းရောက်နေလဲ” ဆိုတာမျိုးဖြစ်သွားပြီ။ အခုက ကြော်ငြာတွေလောက်ပဲ ရိုက်ဖြစ်တာ” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။

Photo: Nine Nine

လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ နည်းနေချိန်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေဖို့ အချိန်တွေ ပိုရတယ်လို့ နိုင်းနိုင်းက ဆိုပါတယ်။ နှစ်သစ်မှာ ပုံစံ အသစ်ကို ပြောင်းလဲချင်တယ်လို့လည်း သူက ပြောပါတယ်။ 

“ အခု အားနေတဲ့ အချိန်မှာတော့ ကိုယ့်ဘာသာကိုယ် Body Weight ကို ပြန်ချတယ်၊ မာဆယ်ကို ပြန်တင်နေတယ်။ မလိုအပ်တဲ့ Effect တွေ မဖြစ်အောင်တော့ လေ့ကျင့်နေတယ်။ ၂၀၂၁ မှာ ပုံစံလေး ပြောင်းချင်လို့ပါ။ ဒီအတိုင်းကြီးဆိုရင် အဆင်မပြေတော့ဘူးလေ။ ကိုယ်လက် လှုပ်ရှားမှု ရှိမှ လေ့ကျင့်ခန်း ပုံမှန်လုပ်မှ ကိုယ်ရည်စစ်သွားတယ်။ ပြီးတော့ New Year ကျရင် ပရိသတ်တွေနဲ့ ပျော်စရာကောင်းတဲ့ အစီအစဉ်လေး တစ်ခု လုပ်ဖို့ ပြင်ဆင်နေတယ်။ ဘာလဲဆိုတာတော့ မပြောသေးဘူး" လို့ ဆိုပါတယ်။ 

Photo: Nine Nine

နိုင်းနိုင်းကိုတော့ Music Video တွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ် စတင်သိရှိခဲ့တာပါ။ အနုပညာသက်တမ်းကြာလာတာနဲ့အမျှ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကြောင့် အောင်မြင်မှုတစ်ခု ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ ဇနီးမောင်နှံဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၂ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီး ၃ ယောက်၊ သားတစ်ယောက် တို့ရဲ့ ဖေဖေ ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က