အခု ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။

ဒေါင်းဟာ ထိုင်းနိုင်ငံက အနုပညာရှင်တွေနဲ့ ရိုက်ကူးမယ့် " From Chaophraya to Ayeyarwaddy" ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။ 

Photo: Daung


သရုပ်ဆောင် ဒေါင်းကတော့ ဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက် အခုဆိုရင် ထိုင်းနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူဟာ " From Chaophraya to Ayeyarwaddy" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ထိုင်းနိုင်ငံက အနုပညာရှင်တွေနဲ့ အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

"ကျွန်တော် " From Chaophraya to Ayeyarwaddy"  ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ Bangkok ကိုရောက်နေပါတယ်။ ဒီနေ့နဲ့ဆို Quarantine ဝင်နေတာ ၄ ရက်ရှိသွားပါပြီ။ ဒီဇာတ်ကားက ထိုင်းက အနုပညာရှင်တွေရယ်၊မြန်မာအနုပညာရှင်တွေရယ် အတူပူးပေါင်းပါဝင်ရိုက်ကူးကြမယ့် ကားဖြစ်ပြီး ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးမှာဖြစ်ပါတယ်" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၁) ရက်နေ့ ည (၇) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။ 

Photo: Daung

" From Chaophraya to Ayeyarwaddy" ဇာတ်လမ်းတွဲမှာတော့ မြန်မာ အနုပညာရှင်တွေအဖြစ် ဒေါင်းနဲ့ အတူ အလှမယ် နှင်းသွေးယုအောင်ကလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ Quarantine ဝင်နေရတဲ့ ဒေါင်းဟာ သူချစ်ရတဲ့ ပရိသတ်တွေ စိတ်မပူရအောင် ဂရုတစိုက်နေ နေတယ်လို့လည်း ဆက်လက်ရေးသားထားပါသေးတယ်။ 

"ကျွန်တော် ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ့မယ်။ အားလုံးလည်းကျန်းမာရေးဂရုစိုက်ကြပါ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျ။ Quarantine ကာလပြီးသွားရင် training လည်းဝင်ရမှာဖြစ်တဲ့အတွက် ကျွန်တော် အချိန်အားရင်အားသလို စာဖတ်ပြတဲ့ live လွှင့်ဖို့ကြိုးစားပါ့မယ်ခင်ဗျ။ ပျက်ကွက်မှုများရှိခဲ့ရင်လည်းခွင့်လွှတ်နားလည်ပေးကြဖို့ကြိုတောင်းပန်ပါရစေခင်ဗျ။ဒီကြားထဲမှာစာဖတ်ပြတာနားထောင်ချင်ခဲ့ရင် Daung Reading Club Group ထဲမှာ ဝင်ရောက်နားဆင်နိုင်ကြပါတယ်ခင်ဗျ" လို့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Daung

သရုပ်ဆောင် ဒေါင်းကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်က သူ့ရဲ့ အလှဓာတ်ပုံတွေကနေတဆင့် ပရိသတ်အားပေးမှု စတင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှ တဆင့် အနုပညာလောကထဲကို ရောက်ရှိလာခဲ့တာပါ။ နောက်ထပ်လည်း "ပုဂံမြို့သူ" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ရင်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပြည်ပနိုင်ငံက အနုပညာရှင်တွေနဲ့ လက်တွဲပြီး အလုပ်အတူတူ လုပ်လာတာကို တွေ့ရပါတယ်။  




ဆက်စပ်အကြောင်းအရာများ



က္က