သူ့ရဲ့ အသက်လည်း (၄၇) နှစ်ပြည့်ပါပြီ။

ဒါရိုက်တာဝိုင်းကတော့ ဒီနေ့လေးဟာ သူ့အတွက် မွေးနေ့ဖြစ်သလို၊ မင်္ဂလာသက်တမ်း အမှတ်တရနေ့လေးလည်းဖြစ်ပါတယ်။ 

Photo: Wyne



ဒါရိုက်တာ ဝိုင်း ကတော့ ဒီနေ့မှာ အသက် (၄၇) နှစ်ပြည့်သွားပါပြီ။ သူ့ရဲ့မွေးနေ့လေးဟာ မိသားစုအတွက် အမှတ်တရ နေ့ရက်လေးတစ်ခုဆိုလည်း မမှားပါဘူး။ ဒီလို အမှတ်တရနေ့လေးမှာ သူ့ရဲ့ အတွေးအဆလေးတွေကို ဝိုင်း က အခုလို မျှဝေခဲ့ပါတယ်။ 

" အမှတ်တရ..ရှိတဲ့ဒီနေ့လေးမှာ...ကိုယ့်ကိုယ်ကိုယ်သတိပေးမိတာက ရှေ့ဆက်ရမယ့်နေ့ရက်တိုင်းမှာ. လောဘ၊ ဒေါသ၊ မောဟ နည်းနိုင်သမျှနည်းအောင်ကြိုးစားရမယ်လို့ ပေါ့လေ။ 47birthdays၊ twotwo 4 years၊ 5yearsanniversary memorableday" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၂) ရက်နေ့ ညနေ (၃) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Wyne

ဒါ့အပြင် ဒီနေ့မှာပဲ ဒါရိုက်တာဝိုင်းရဲ့ သားကြီး တူးတူး ကလည်း အသက်(၄) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၅ ခုနှစ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ ဒါရိုက်တာဝိုင်းတို့ ဇနီးမောင်နှံကလည်း အိမ်ထောင်သက်တမ်း(၅) နှစ်ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ ဒီလို အမှတ်တရ နေ့လေးမှာ အနုပညာမောင်နှမ တွေနဲ့ ပရိသတ်တွေကလည်း သူတို့ မိသားစုလေးအတွက် ဝမ်းသာ ဂုဏ်ပြုစကားတွေကို Comment ကနေတဆင့် ရေးသားခဲ့ကြတာ တွေ့ရပါတယ်။ အခုဆိုရင် ဒါရိုက်တာဝိုင်းဟာ ဒုတိယမြောက် သမီးလေးကိုလည်း ထပ်မံ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 

Photo: Wyne

ဒါရိုက်တာ ဝိုင်းဟာ ၂၀၁၃ ခုနှစ်က ‘’စေတန်ရဲ့ ကချေသည်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၅ ခုနှစ်မှာ ‘’ကျွန်မက နှင်းဆီပါ မောင်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆု ကို ထပ်မံရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကိုယ်ပိုင်ဇာတ်ညွှန်းဆုကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကိုလည်း ရွှေကြာ ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြန်ပါတယ်။ အဲဒီနောက် မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ပြုလုပ်တဲ့ Asean International Film Festival 2019 ပွဲမှာ ဒါရိုက်တာဝိုင်းက Special Jury Awards ဆုကို ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ရရှိခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က