အင်းယားစင်တာကို သွားရောက်ခဲ့တာပါ။

သရုပ်ဆောင် ခင်ဝင့်ဝါကတော့ အင်းယားစင်တာမှာရှိတဲ့ ကိုဗစ် လူနာများ၊ ဆရာဝန်များနဲ့ စေတနာ့ဝန်ထမ်းများကို သွားရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။ 

Photo: Inya Center



ခင်ဝင့်ဝါဟာ ကိုဗစ်ရောဂါ ကူးစက်ခံနေရလို့ အင်းယားစင်တာကို ရောက်ရှိနေကြတဲ့ လူနာတွေနဲ့ ကိုဗစ်လူနာတွေကို စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေး ဝန်ထမ်း တွေကို ကိုယ်တိုင်သွားရောက် အားပေးခဲ့ပါတယ်။ 

" နိုင်ငံကျော် ရုပ်ရှင်နှင့် မော်ဒယ် သရုပ်ဆောင် ခင်ဝင့်ဝါ အင်းယားစင်တာမှ ကိုဗစ်-၁၉ လူနာများ ၊ ဆရာဝန်များ ၊ သူနာပြုများ ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးများကို နှုတ်ဆက်အားပေး 

နိုင်ငံကျော် ရုပ်ရှင်နှင့် မော်ဒယ် သရုပ်ဆောင် ခင်ဝင့်ဝါ က အင်းယားစင်တာမှ ကိုဗစ်-၁၉ လူနာများ ၊ ဆရာဝန်များ ၊ သူနာပြုများ ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးများကိုရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးပြီးအင်းယားစင်တာ အုပ်ချုပ်ရေးမှူးရုံးခန်းမှာ အမှတ်တရ လက်မှတ်ရေးထိုးခဲ့ပါတယ်"ဆိုပြီးတော့ အင်းယားစင်တာ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါသေးတယ်။

Photo: Inya Center

 ခင်ဝင့်ဝါရဲ့ စိတ်နေစိတ်ထားကိုလည်း ပရိသတ်တွေက Comment ကနေတဆင့် ချီးကျူးခဲ့ကြတာ တွေ့ရပါတယ်။သူမဟာ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် မကြာခဏ ဆိုသလို အလှူအတန်းတွေ လုပ်ခဲ့တာကိုတွေ့ရပါတယ်။ သူမဟာ စက်တင်ဘာလ အတွင်းတုန်းက အသက် (၂၆) နှစ်ပြည့်သွားခဲ့ပါတယ်။ မွေးနေ့ကိုလည်း အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တာပါ။ 

Photo: Inya Center

ခင်ဝင့်ဝါကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အခုချိန်မှာတော့ တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ မင်းသမီးချောလေး ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က