အလှူအတန်းတွေလည်း မပြတ် လုပ်ပေးနေပါတယ်။

အကယ်ဒမီများရှင် မင်းသမီးချောကြီး ဝါဝါဝင်းရွှေကတော့ အနုပညာအလုပ်တွေကို နှစ်အတော်ကြာ လက်တွဲအတူတူကြိုးစားလာခဲ့တဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ်ကို သတိရတဲ့အကြောင်းတွေ ပြောပြခဲ့ပါတယ်။ 

Photo: War War Win Shwe



ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီဝါဝါဝင်းရွှေကတော့ ကွယ်လွန်သွားတာ (၁) နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ်ကို တစ်ရက်လေးမှ မေ့လို့ မရနိုင်သေးပါဘူးတဲ့။ ဒါကြောင့် ခင်ပွန်းသည်အတွက် ရည်ရွယ်ပြီး အလှူအတန်းတွေ လုပ်ဖြစ်နေတဲ့အကြောင်း ပြောလာခဲ့ပါတယ်။  

" ဆောင်းငွေ့တွေနဲ့အတူ လွမ်းရပြန်ပြီဒယ်ဒီရေ။ ဒယ်ဒီနားခို အိပ်စက်တဲ့ နေရာလေးကို အတွင်းအပြင် သန့်ရှင်းပေထားတယ်နော်၊နေပူစာလေးလှုံရအောင်လို့ ခဏ ဖွင့်ပေးထားတယ်။တောင်ပုလု ကျောင်းကဆရာတော်ကြီး နဲ့ သံဃာ ၁၅ ပါးအတွက်၊ကြာဇံကြော် ခေါက်ဆွဲကြော် ကော်ပြန့်ကြော် နဲ့ဆွမ်းကပ်လှူဒါန်းပါတယ်။ ဒယ်ဒီအတွက် နေ့စဉ်၊ လစဉ်၊ နှစ်ပြည့် အလှူများအမြဲမပြတ် လှူဒါန်းပေးနေပါတယ်။ ဒယ်ဒီသိနေမယ်လို့ ယုံကြည်နေတယ်။ ဒယ်ဒီနဲ့တကွ ၃၁ ဘုံ ကျင်လည် ကုန်သောလူ နတ် ဗြဟ္မာ အပေါင်းအားအမျှ အမျှ အမျှ ပေးဝေလိုက်ပါတယ်။ ဝမ်းမြောက်နုမော် သာဓု ခေါ်ဆိုနိုင်ကြပါစေသော်။ တစ်နေ့မှမေ့မရနိုင်ပါ" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၃) ရက်နေ့ နေ့လယ် (၁၂) နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: War War Win Shwe

အကယ်ဒမီ ၃ ဆုရှင် မင်းသမီးကြီး ဝါဝါဝင်းရွှေနဲ့ ခင်ပွန်းဖြစ်သူ ဇာတ်ညွှန်းရေးဆရာလည်းဖြစ်၊ နာမည်ကျော် သရုပ်ဆောင် တစ်ဦးလည်းဖြစ်ခဲ့တဲ့ ဦးသန်းထွဋ်တို့ဟာ ၁၉၆၉ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့မှာ အိမ်ထောင်သက်တမ်း နှစ်(၅၀) ပြည့်ခဲ့တာဖြစ်ပါတယ်။ အနုပညာရှင်နှစ်ယောက်ဖြစ်တာ ကြောင့်လည်း အသက်ကြီးလာတဲ့အချိန်ထိ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတုန်းပါပဲ။ဒါပေမယ့် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တန်းကတော့ ဦးသန်းထွဋ်ဟာ ကွယ်လွန်သွားခဲ့ပါပြီ။ 

Photo: War War Win Shwe

ဝါရင့်သရုပ်ဆောင်ကြီး ဝါဝါဝင်းရွှေဟာ အသက်(၁၆) နှစ်အရွယ်မှာ “စိတ်”ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးခဲ့တာ ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကာေးပါင်း ရာကျော် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားပေါင်း ၅၀ ကျော်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။ “ချစ်သမီး” ၊ “ချောင်းကိုပစ်၍မြစ်ကိုရှာ” ဇာတ်ကားနဲ့ “မိန်းကလေးရှင်ရဲ့ဆန္ဒ” ဇာတ်ကားတို့နဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားတို့နဲ့ ရုပ်ရှင်ထူးချွန်ဆု (၃)ခုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ်ကလည်း အကယ်ဒမီဆုတွေ ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာ တစ်ယောက်ပါ။ အနုပညာမောင်နှံကနေ မွေးဖွားလာတဲ့ အနုပညာမျိုးစက်အနေနဲ့ သားကြီးဖြစ်တဲ့ ဝင်းထွဋ်ဝင်းကတော့ ဒါရိုက်တာ အဖြစ်၊ သားငယ် ဝါဇင်ကတော့ သရုပ်ဆောင် အဖြစ်၊ မြေးမလေး နှစ်ယောက်ဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းနဲ့ ဝင့်ဝါပန်းမြတ်သူတို့ကလည်း အနုပညာ လမ်းကြောင်းပေါ်ကို ရောက်ရှိလို့လာပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က