" မသေဆေး" အခွေ ဖြစ်ပါတယ်။

အဆိုတော် လင်းလင်းကတော့ အခွေ မထွက်ခင်ကတည်းက ကြိုတင်မှာယူအားပေးတဲ့ ပရိသတ်တွေကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Linn Linn



လင်းလင်းကတော့ ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ " မသေဆေး" ဆိုတဲ့ အခွေအသစ်လေး ထွက်ရှိတော့မယ်လို့ သိရပါတယ်။ ဒီအခွေ အတွက် မထွက်ခင်ကတည်းက ကြိုတင်အော်ဒါမှာယူတဲ့ ပရိသတ်ပေါင်း ထောင်ဂဏန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ 

" ဆရာမထံ အိမ်အလုပ်တွေကနေ ၃ ရက်ခွင့်ယူထားတယ်။ ဟို အချစ်ကလေးနှစ်ယောက်ကိုလဲ အဘိုးအဘွားဆီ အိမ်နှင်ဒဏ် ပို့ထားတယ် ကဲလာစမ်း ဒီလို အပုံ ၃ ပုံရှိတယ်။ လက်မှတ်စ,ထိုးပြီ MaThaySay၊ 30December . burmarevolutionband. FGEntertainment ( ပရီအော်ဒါ ၂၀၀ ဟာ ဆယ့်ငါးမိနစ်နဲ့ ကုန်လို့ ၅၀၀ ထပ်တိုးတာလည်း ကုန်သွားပြီး ထောင်ဂဏန်းရောက်သွားတယ်။ အခုထိလည်း တောက်လျှောက် တက်နေလို့ ဝမ်းသာဂုဏ်ယူပါတယ်။ ဒီတော့ ၂၈ ရက်နေ့ထိ မှာသမျှ အော်ဒါတွေကို ရသလောက် လက်မှတ်ထိုးပေးပါမယ်။ ကိုယ့်လူတွေဘဲ မှာနိုင်မလား ? ကျနော်ဘဲ နေ့,ည မနားတမ်း လက်မှတ်ထိုးနိုင်မလား ! တွေ့ကြသေးတာပေါ့ဗျာ။ C u *30DECEMBER*" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၃) ရက်နေ့ ည (၇) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ 

Photo: Linn Linn

လင်းလင်းဟာ အနုပညာလောကထဲကို အဆိုတော် တစ်ယောက်အနေနဲ့ပဲ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ကိုယ်တိုင်ရေးသားပြီး သီဆိုတတ်တဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် ဇနီးဖြစ်သူ ချစ်သုဝေကလည်း အဆိုတော် တစ်ဦးဖြစ်တာကြောင့် ဇနီးမောင်နှံ နှစ်ယောက်ပေါင်းပြီး သီချင်းလေးတွေလုပ်ထားတာကိုလည်း တွေ့ရပါတယ်။ အခွေအသစ်မှာတော့ လင်းလင်းက သမီးလေး နှစ်ယောက်ရဲ့ အသံကိုပါ ထည့်သွင်းထားတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။ 

Photo: Linn Linn

ဂီတအလုပ်မှာသာမက ပရဟိတလုပ်ငန်းတွေမှာလည်း အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်တတ်တဲ့ အဆိုတော် လင်းလင်းက ဇနီးဖြစ်တဲ့ ချစ်သုဝေ နဲ့ အတူ " ခေတ်သစ်ဖောင်ဒေးရှင်း" ကို ထူထောင်ပြီး မွေးရာပါ နှလုံး ရောဂါ ဖြစ်နေတဲ့ ကလေးငယ်တွေကို ဆေးကုသမှုပေးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလမှာလည်း လိုအပ်တဲ့ ဆေးဝါးကူညီမှုတွေ၊ စားနပ်ရိက္ခာတွေ အပြင် ကွာရန်တင်းစင်တာတွေလည်း ဆောက်လုပ် လှူဒါန်းထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က