အသက်(၃၇) နှစ်ပြည့်ပါပြီ။

အကယ်ဒမီထွန်းထွန်းကတော့ အသက်(၃၇) နှစ်ပြည့် မွေးနေ့မှာ လုပ်ခဲ့တဲ့ ကုသိုလ်အလှူတွေကို ပရိသတ်တွေအတွက် ပြန်လည် မျှဝေခဲ့ပါတယ်။ 

Photo: Tun Tun



ဒီနေ့ ( အောက်တိုဘာလ ၂၄ ရက်) ကတော့ အဆိုတော်၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီနေ့မှာပဲ အသက် (၃၇) နှစ်ပြည့်သွားတာပါ။ မွေးနေ့ အမှတ်တရ အလှူအဖြစ် ရှစ်မိုင်- မစိုးရိမ်ကျောင်းတိုက်သစ်မှာ ကုသိုလ်တွေ လုပ်ခဲ့တာ တွေ့ရပါတယ်။ 

" ယနေ့ (၂၄ - ၁၂ - ၂၀၂၀ ) ကာလဒါန ( မွေးနေ့ကုသိုလ် ) နေ့ဆွမ်း သံဃာကုန် ဆွမ်းအလှူ

ရှစ်မိုင်-မစိုးရိမ်ရွှေကျင်တိုက်သစ် သံဃာတော်အရှင်မြတ်များကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မြတ်စွာဘုရား၏ ပရိယတ္တိ, ပဋိပတ္တိသာသနာ နှစ်ပါးကို ထမ်းဆောင်နိုင်ပါစေခြင်းအကျိုးငှါ

ဘုရားအမှူးရှိသော သံဃာတော်အပေါင်း၏ဂုဏ်ကို အာရုံပြုကာ အနန္တော အနန္တ ငါးပါး ဦးထိပ်ထား၍ ဦးတင်ထွန်း+ ဒေါ်ရွှေစင်သိမ်း သား ထွန်းထွန်း(ခ) ထင်အောင်ထွန်း (EXAMPLEZ) မိသားစုတို့က ထွန်းထွန်း (EXAMPLEZ)) တေးသံရှင်၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် -၏မွေးနေ့မင်္ဂလာ ကျရောက်ရာ ရက်မြတ်အခါသမယ ကာလဒါန ( မွေးနေ့ကုသိုလ် ) နေ့ဆွမ်း သံဃာကုန် ဆွမ်း, ခဲဘွယ်, ဘောဇဉ် ချိုချဉ်အရသာ အဖြာဖြာတို့ကို ယနေ့ ( ၂၄ - ၁၂ -၂၀၂၀ )နေ့တွင် ကျရောက်သည့် " မွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် "မဂ်, ဖိုလ်, နိဗ္ဗာန်ရည်မှန်း ဝမ်းမြောက်ဝမ်းသာ လှူဒါန်းကြပါသည်" ဆိုပြီးတော့ မစိုးရိမ်ရွှေကျင်တိုက်သစ် ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Tun Tun

ထွန်းထွန်းကိုယ်တိုင်ကလည်း သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်ကနေတဆင့် အလှူအတန်းတွေကို မျှဝေခဲ့ပါတယ်။ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း ထွန်းထွန်းရဲ့ ကုသိုလ်အလှူလေးအတွက် သာဓု တွေ ခေါ်ဆိုခဲ့ကြပြန်ပါတယ်။ မစိုးရိမ်ကျောင်းတိုက်သစ်မှ သံဃာတော်များကလည်း ထွန်းထွန်းအတွက် မွေးနေ့ ဆုတောင်းစကားတွေ ဆိုခဲ့ပါတယ်။ 

" မွေးနေ့ရှင်နှင့် အလှူရှင်မိသားစုများ ယနေ့မှစ သက်ရာကျော်သည့်တိုင် ဘဝတစ်လျှောက်လုံး မိသားစုများနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေ၊ ကိုယ်ကျန်းမာ, စိတ်ချမ်းသာ ဘေးဘယာတွေ ဝေးကွာကြပါစေ၊ စီးပွားဥစ္စာတိုးတက်ကာ ချမ်းသာသုခအပေါင်းတို့နှင့် ပြည့်စုံကြပါစေ၊ မိမိအကျိုး, အများအကျိုး, ဘာသာ သာသနာအကျိုးတို့ကို ဆထက်တိုး၍ ဆောင်ရွက်နိုင်ကြပါစေ။သောတာပန်အလား အပါယ်ဘေးတို့မှလည်း ကင်းဝေးကြပါစေ။ကပ်ကြီးသုံးပါးမှ ကျော်လွှား လွတ်မြောက်နိုင်ကြပါစေ၊ စီးပွားဥစ္စာ ရတနာများ ဆထက်တန်ဖိုး တိုးကာ တိုးကာ ဘာသာသာသနာအကျိုးတို့ကို သည်ပိုးနိုင်ကြပါစေ၊ ကိုယ်ကျန်းမာ, စိတ်ချမ်းသာစွာဖြင့် မိမိတို့အလိုရှိရာ လောကီ, လောကုတ္တရာ နှစ်ဖြာသောဆု ပြီးစီးအောင်မြင်ကြပါစေ၊ ခန္ဓာဝန် ဝဋ်ဒုက္ခမှလွတ်မြောက်၍ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်စိုက်ရောက်နိုင်ကြပါစေ၊အများသူငါလည်း ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုနိုင်ကြ၍ ကိုယ်ကျန်းမာစိတ်ချမ်းသာအပေါင်းတို့နှင့် ပြည့်စုံကြပါစေသော်" လို့လည်းဆက်လက်ရေးသားခဲ့ပါတယ်။ 

Photo: Tun Tun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က