ဒီနေ့ မနက်မှာ ဖြစ်သွားခဲ့တာပါ။
Sabal Thwin

လူရွှင်တော်ကြီး ဦးမိုးကျော်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကို လူရွှင်တော် ကောင်းကျော်က ပရိသတ်တွေ အတွက် မျှဝေလာခဲ့ပါတယ်။ 

လူရွှင်တော်ကြီး ဦးမိုးကျော်ကတော့ ဒီနေ့ (ဒီဇင်ဘာလ ၂၄) ရက်မှာ ရုတ်တရက် လေဖြန်းချင်သသလို ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ အကြောင်း လူရွှင်တော် ကောင်းကျော်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ 

" လူရွှင်တော်ကြီးဦးမိုးကျော် ဒီမနက်လေဖြန်းသလိုဖြစ်သွားပါသဖြင့် မုံရွာမြို့ဆေးရုံကြီးကိုတင်လိုက်ရပါသည်။ ဒါပေမဲ့  သက်သာပါသည်ခင်ဗျာ။ ကျောက်ပန်းတောင်းကသူ့ရဲ့သမီးလာခေါ်သွားပါပြီ" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၄) ရက်နေ့ ညနေ (၄) နာရီကျော်က လူရွှင်တော် ကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Moe Kyaw

ဦးမိုးကျော်ရဲ့ ကျန်းမာရေး အခြေအနေကို သိလိုက်ရတဲ့ ပရိသတ်တွေ၊ လူရွှင်တော် လောကသားတွေကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းလာဖို့ အတွက်ကိုလည်း Comment ကနေတဆင့် ဆုတောင်းစကားတွေ ရေးသားခဲ့ကြပါတယ်။ 

ဦးမိုးကျော်ကတော့ သဘင်လောကမှာ လူရွှင်တော် ဆိုနီ ၊ မိုးကျော် ဆိုတဲ့ အတွဲညီတဲ့ ဟာသညီနောင်အဖြစ် ပရိသတ်တွေကြားမှာ ထင်ရှားခဲ့တဲ့ လူရွှင်တော်တွေ ဖြစ်ပါတယ်။ လူရွှင်တော် ဆိုနီကတော့ ကွယ်လွန်သွားတာ ကြာခဲ့ပါ ပြီ။ လူရွှင်တော် မိုးကျော်ကလည်း ကျန်းမာရေး အခြေအနေကြောင့် အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိပေမယ့် ဟာသ အစီအစဉ်တွေမှာ အကဲဖြတ်ဒိုင်လူကြီးအဖြစ် ပါဝင်နေ လှုပ်ရှားနေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က