အသက် (၄၅) နှစ်ပြည့်ပါပြီ။
Sabal Thwin

ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ အသက်(၄၅) နှစ်အရွယ်အထိ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝ အတွေ့အကြုံတွေကို အခုလို မျှဝေခဲ့ပါတယ်။ 

ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့တုန်းက အသက် (၄၅) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အသက် တစ်နှစ်ကြီးလာတိုင်း စိတ်ကို တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနေရတဲ့ သူမရဲ့ ဘဝကို ပီတိဖြစ်နေမိတယ်လို့ ဆိုပါတယ်။

"ကျွန်မဘဝမှာ အပျော်ဆုံးအသက်ကိုပြောပါဆိုရင်၊လက်ရှိရောက်နေတဲ့အသက်အရွယ်ပါပဲ ၊ ဘဝမှာကြုံသမျှလောကဓံကို စိတ်တည်ငြိမ်အေးချမ်းစွာဖြေရှင်းလာနိုင်သလို၊တရားအသိတိုးလာတဲ့အတွက်၊ စိတ်တွေလဲပိုအေးချမ်းလာပါတယ်။ ချစ်ခြင်းတရားရဲ့ပူလောင်မှုကိုမတောင့်တတော့သလို ၊မေတ္တာတရားရဲ့အေးချမ်းတဲ့ အရသာကိုကောင်းစွာနားလည်လာတဲ့ အတွက်၊မေတ္တာတရားလက်ကိုင်ထားရင်းရှေ့ဘဝခရီးလမ်းမှာကြုံသမျှလောကဓံကိုမေတ္တာတရားဖြင့်သာကျော်ဖြတ်သွားဖို့

ဆုံးဖြတ်ရင်း" လို့ ဆိုပါတယ်။ 

Photo: Kyi Phyu Shin

ဒါရိုက်တာ ကြည်ဖြူသျှင်အတွက် မွေးနေ့ ဆုတောင်းတွေကိုတော့ ပရိသတ်တွေသာမက အနုပညာရှင်များစွာတို့ကလည်း မွေးနေ့ ဆုတောင်းပေးခဲ့ကြပါတယ်။ ဒီလို ဆုတောင်းတွေပြောပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ 

" ၂၆-၁၂-၂၀၂၀ကျွန်မရဲ့ အသက်(၄၅) နှစ်ပြည့်မွေးနေ့မှာ ၊ ဆုတောင်းပေးကြတဲ့ မိတ်ဆွေ၊သူငယ်ချင်းတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ တချို့Post တွေCommentမပြန်နိုင်ပေမယ့်၊ကျေးဇူးတင်စိတ်ကတော့၊အတူတူပါပဲရှင်" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၆) ရက်နေ့ ညနေ (၆) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

Photo: Kyi Phyu Shin

ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ ၁၉၉၇ ခုနှစ်ကတည်းက အနုပညာလောကထဲမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုယ်တိုင် ဇာတ်ညွှန်းလည်းရေးသလို ၊ ဒါရိုက်တာအဖြစ် ရုပ်ရှင်ကားကြီး၊ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဂျပန်- မြန်မာ ချစ်ကြည်ရေးအဖြစ် ရိုက်ကူးထားတဲ့ "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖန်တီးသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူဟာ အသက်(၆၀) ကျော်အရွယ်မှာ သာသနာ့ဘောင်ဝင်ဖို့ကိုလည်း စိတ်ကူးထားတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က