မွေးနေ့ အကြို အလှူတွေလည်းလုပ်ခဲ့ပါတယ်။

ပရဟိတနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ လူရွှင်တော် ဒိန်းဒေါင်ကတော့ သူ့ရဲ့ အသက်(၄၇) နှစ်ပြည့် မွေးနေ့မှာ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို မျှဝေလာခဲ့ပါတယ်။ 

Photo: Daing Daung



ဒီနေ့ (ဒီဇင်ဘာလ ၂၉ ရက်) ကတော့ လူရွှင်တော် ဥက္ကဌ ဒိန်းဒေါင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ မွေးနေ့ မတိုင်ခင်မှာလည်း လူရွှင်တော်အသင်းသားတွေက ပြုလုပ်ပေးခဲ့တဲ့ Birthday Surprise ကြောင့်လည်း ပျော်ရွှင်နေခဲ့ပါတယ်။ ဒါ့အပြင် ဒိန်းဒေါင်က သူ့ရဲ့ မွေးနေ့လေးကို အမေ့ထမီ လျှော်တဲ့နေ့ အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ 

"ယနေ့ 29.12.2020 ကျွန်တော့်မွေးနေ့ပါခင်ဗျာ။ မိဘကိုချစ်သောသားသမီးများအားလုံး ဒီနေ့ကိုအမေ့ထမီလျှော်တဲ့နေ့အဖြစ်သတ်မှတ်ပေးကြပါခင်ဗျ" ဆိုပြီးတော့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက် (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အဝတ်လျှော်နေတဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း ဒိန်းဒေါင်အတွက် Comment ကနေတဆင့် မွေးနေ့ ဆုတောင်းပေးခဲ့ကြပါတယ်။ ဒိန်းဒေါင်ဟာ နှစ်စဉ် နှစ်တိုင်း သူ့ရဲ့ မွေးနေ့ ရောက်ရင် မိခင်ရဲ့ ထမီကို အမြဲတမ်း လျှော်ပေးနေကျ ဖြစ်ပါတယ်။ 

Photo: Daing Daung

ဒိန်းဒေါင်ဟာ မွေးနေ့ မတိုင်ခင် ဒီဇင်ဘာလ (၂၈) ရက်နေ့ ည (၈) နာရီဝန်းကျင်တုန်းကလည်း အင်းစိန်ဆေးရုံ၊ ရွှေပြည်သာ၊ ထောက်ကြံ့ နဲ့ ဗဟိုအမျိုးသမီးဆေးရုံ စတဲ့နေရာတွေရဲ့ လမ်းဘေးမှာ အိပ်နေရတဲ့ ပြည်သူတွေ အတွက် စောင် အလှူလည်း လုပ်ခဲ့တာ တွေ့ရပါတယ်။ 

" မွေးနေ့ အကြိုအလှူလေးအဖြစ် ကိုစိုးဝင်းထက်+ မမာလာရဲ့သား စိုးလင်းထူး အသက်(၉) လပြည့် အမှတ်တရလည်းဖြစ်၊ ပြည်သူတွေကို နွေးထွေးချင်တဲ့ ဆန္ဒနဲ့ ကျွန်တော့် မွေးနေ့ အမှတ်တရလည်း ဖြစ်သွားအောင် စောင်အထည်ပေါင်း(၂၀၀) ကျော် တန်ဖိုးငွေကတော့ သိန်း(၃၀) ဖိုး ကို အင်းစိန်ဆေးရုံ ၊ ထောက်ကြန့် ၊ ရွှေပြည်သာနဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး စတဲ့နေရာတွေမှာ နယ်ကနေ ဆေးရုံလာတက်ပြီး အပြင်မှာ အိပ်နေရတဲ့ သူတွေ ရှိတယ်။ ဆောင်းတွင်းဆိုတော့ အရမ်းအေးတဲ့ အတွက် စောင်တွေ လိုအပ်မယ်လို့ ထင်ပြီး စောင်တွေ လိုက်လှူခဲ့ပါတယ်" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၈) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ Live လွှင့်ရင်း ပြောခဲ့တာပါ။ ဒါ့အပြင် ဒိန်းဒေါင်ဟာ နောက်ထပ်မွေးနေ့ အလှူအဖြစ် အိမ်ထောင်စု(၄၇၀) အတွက် ဆန်တွေလည်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။

 

Photo: Daing Daung

ဟာသသရုပ်ဆောင် ဒိန်းဒေါင်က အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာပေမယ့် Covid ကာလကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေ ရပ်နားထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပြီး အခုချိန်မှာ လူရွှင်တော် ဥက္ကဌ တစ်ဦး အနေနဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလ အလှူအတန်းတွေ လုပ်ဖို့အတွက် ချွန်တွန်း ပရဟိတအသင်းကိုလည်း တည်ထောင်ထားတာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က