သူ့ကို ကိုယ်တိုင်လာမေးတဲ့သူတွေရှိတယ်။

ချောရတနာကတော့ မင်းသားချော အောင်ရဲလင်းနဲ့ အမျိုးတော်လား ဆိုပြီး မေးခဲ့ကြတဲ့ ပရိသတ်တွေကို သူမက အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Chaw Yadanar



သရုပ်ဆောင် ချောရတနာကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ မကြာခဏ Live လွှင့်ရင်း ပရိသတ်တွေနဲ့ စကားပြောလေ့ရှိပါတယ်။ ဒီဇင်ဘာလ (၂၈) ရက်နေ့ ညတုန်းက Facebook Live မှာ ချောရတနာက သူမကို မင်းသား အောင်ရဲလင်းနဲ့ အမျိုးတော်လားလို့ ခဏခဏ အမေးခံခဲ့ရဖူးတယ်လို့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။ 

“ အောင်ရဲလင်းနဲ့ ချောနဲ့ကို မျက်နှာကျ နည်းနည်းဆင်တယ် လို့ တော်တော်များများက ပြောကြတယ်။ ချော မြစ်ကြီးနားဘက်မှာ သီချင်းသွားဆိုတုန်းကလည်း တောက်လျှောက် လူတွေက အောင်ရဲလင်းနဲ့ မောင်နှမလား ဆိုပြီးတော့ မေးကြတယ်။ အောင်ရဲလင်းနဲ့က မောင်နှမ မဟုတ်ပါပေမယ့် အနုပညာနဲ့ ပတ်သက်ရင်တော့ မောင်နှမတွေပါ” လို့ ယင်း Live မှာ ပြောခဲ့တာပါ။ ဒါကတော့ သူ့ရဲ့ Live ကနေ ပရိသတ်တစ်ဦးက အောင်ရဲလင်းနဲ့ အမျိုးတော်လား ဆိုတဲ့ Comment ပေးခဲ့တာကြောင့် ဒီ အမှတ်တရလေးကို ပြောပြခဲ့တာဖြစ်ပါတယ်။ 

Photo: Chaw Yadanar

လက်ရှိမှာတော့ ချောရတနာဟာ ကိုဗစ်ကာလဖြစ်တဲ့အတွက် အနုပညာအလုပ်တွေ နားထားတယ်လို့ သိရပါတယ်။ အခုလို အလုပ်အားတဲ့ အချိန်တွေမှာ ငယ်စဉ်က အနုပညာလှုပ်ရှားမှုလေးတွေ ပြန်တွေးမိတိုင်း သတိရတယ်လို့ ဆိုပါတယ်။ 

“ ကိုဗစ်ကြောင့် နားနေရတာလည်း ကြာပြီဆိုတော့ လူက ရူးချင်နေပြီ။ ဓာတ်ပုံဟောင်းလေးတွေ ပြန်တွေ့ရင် အရင်တုန်းက ရိုက်ကူးရေးတွေ လုပ်ခဲ့ရတုန်းက အချိန်တွေကို ပြန်သတိရတယ်။ “ ဒီ ပလက်တီနမ် ဆွဲကြိုးက ဒယ်ဒီပေးထားတာ” ဆိုတဲ့ သီချင်းလေးကိုလေ ကျောက်ပန်းတောင်းမှာ သွားရိုက်တုန်းက အချိန်တွေ အရမ်းပျော်စရာကောင်းတယ်။ အဲဒီလို အချိန်လေးတွေ ပြန်မရနိုင်တော့ပါဘူးလေ။ သတိရတယ်”လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Chaw Yadanar

အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမကိုတော့ " ပေါချော" ဆိုပြီးအနုပညာအသိုင်းအဝိုင်းက ချစ်စနိုးခေါ်လေ့ရှိပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာက ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ ၂၀၁၂ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က