Baby Shower ပွဲလေးကို ခင်ပွန်းနဲ့ အစ်မတွေက စီစဉ်ပေးခဲ့ပါတယ်။

မိုးယုစံကတော့ သူမနဲ့ ဗိုက်ထဲက ရင်သွေးလေးအတွက် အစ်မဖြစ်သူတွေနဲ့ ခင်ပွန်းတို့ က လုပ်ပေးတဲ့ Surprise ကြောင့် ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ 

Photo: My Dream



မိုးယုစံကတော့ ဒုတိယမြောက်သားလေးကို ကိုယ်ဝန်လွယ်ထား ရပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့ ရက်ပိုင်းက မိုးယုစံတို့ ဇနီးမောင်နှံဟာ ဗိုက်ထဲက သားလေးရဲ့ ဓာတ်ပုံကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေခဲ့ကြပါသေးတယ်။ ဒါ့အပြင် အစ်မတွေနဲ့ ခင်ပွန်းဖြစ်သူ ကိုစွမ်းသူ က Baby Shower ပွဲလေးကို ကျင်းပပေးခဲ့တာကြောင့်လည်း အရမ်းပျော်နေတယ်လို့ သူက ဆိုပါတယ်။ 

"ကိုယ့်တွက်သူများကစီစဉ်ပြီးလုပ်ပေးတာ တစ်ခါမှမရှိခဲ့တော့ ခုလို သူငယ်ချင်းလို အစ်မတွေရတာကလည်းကံကောင်းခြင်းတစ်ခုပါပဲ။ သူငယ်ချင်းလေး ကလျာနဲ့ လွန်ခဲ့တဲ့ ၄လလောက်က ဖုန်းပြောတော့ ငါ့မှာသူငယ်ချင်းလည်းမရှိ လုပ်ပေးမယ့်သူလည်းမရှိ ဘာဖြစ်ဖြစ်ကိုယ့်ဘာသာပဲ လုပ်မှ စီစဉ်မှရတာလို့ပြောတော့ နင့်ကိုငါလုပ်ပေးမယ်ပြောကတည်းက ဝမ်းသာပြီးမျက်ရည်တောင်ကျမိတာ အဲ့ဒါကိုသတိတရနဲ့ ဦးဆောင်ပြီးလုပ်ပေးတာ၊ ကိုယ်မသိအောင် စီစဉ်ထားတာ အရမ်းချစ်ဖို့ကောင်း ကျန်တဲ့အစ်မတွေကလည်း ကိုယ့်ကိုချစ်ကြတာ ပွဲလေးကိုလုပ်ပေးကြတာသိရတော့ အရမ်းဝမ်းသာတာပဲ။ မိန်းမကို surprise မလုပ်တတ် လုပ်တတ်နဲ့ မလိမ်တတ်လို့ ဒီကသိသွားပေမဲ့ surprise က surprise ပါပဲလို့ ချစ်ယောကျ်ားကိုလည်း အရမ်းချစ်ပါတယ်လို့ နောက်လည်း များများချစ်ပေးပါလို့" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၉) ရက်နေ့ ည (၇) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: My Dream

မိုးယုစံဟာ ဒုတိယမြောက်ရင်သွေးလေးကိုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မွေးဖွားမယ်လို့ သိရပါတယ်။ သားလေးရဲ့ နာမည်ကိုတော့ Kevin လို့ အမည်ပေးထားပါတယ်။ မကြာခင် ညီလေးဖြစ်သူကို ပိုင်ဆိုင်ရတော့မယ့် သားကြီး Austin ကလည်း အရမ်းပျော်နေတယ်လို့ မိုးယုစံရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါသေးတယ်။ သူမရဲ့ သားနှစ်ယောက်ကတော့ အသက် (၃) နှစ်ကျော် ကွာပါတယ်။ သားကြီးဖြစ်တဲ့ ကောင်းသိင်္ခမိုးသူ( ခေါ်) Austin ကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၁) ရက်နေ့ က မွေးဖွားခဲ့တာဖြစ်ပါတယ်။ 

Photo: Moe Yu San

မိုးယုစံဟာ အနုပညာလောကထဲမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးသူပါ။ ဒါပေမယ့်၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ချစ်သူဖြစ်တဲ့ ကိုစွမ်းသူနဲ့ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၄) နှစ်ကျော်လာပြီဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး သားလေးနဲ့ အတူဖြစ်စေ၊ မိသားစု အတူတူဖြစ်စေ ကလေးအသုံးအဆောင် ပစ္စည်းလေးတွေကို ကြော်ငြာရိုက်ကူးရေး အနေနဲ့သာလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က