ဒီနေ့မှာ အိမ်ပြန်ရပြီလို့ ပြောပါတယ်။

ဥက္ကာမင်းမောင်ရဲ့ မိခင်ကတော့ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ ကွာရန်တင်း ဝင်ခဲ့ရတာဖြစ်ပြီး ဒီနေ့မှာပဲ အိမ်ပြန်ခွင့်ရပြီလို့ ဆိုပါတယ်။ 

Photo: Oakkar Min Mg



ဥက္ကာမင်းမောင်ရဲ့ မိခင်ကတော့ ဒီဇင်ဘာလ အစမှာ ကိုဗစ်ရောဂါကို ကူးစက်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဧရာဝတီကွာရန်တင်းစင်တာမှာ (၁) နီးပါး ကုသမှုခံယူခဲ့တာ တွေ့ရပြီး ဒီနေ့ မှာတော့ အိမ်ပြန်ခွင့် ရခဲ့ပြီလို့ ဥက္ကာမင်းမောင်က ပရိသတ်ကို ဝမ်းသာအားရ ပြောပြလာပါတယ်။ 

" ၂၈ ရက် Ayeyarwaddy center မှာ Quarantine နေပြီး မေကြီးဒီနေ့အိမ်ပြန်လို့ ရပါပြီ။ အစစအရာရာ လိုလေသေးမရှိပြုစုစောင့်ရှောက်ပေးခဲ့သော ဆရာဝန်များ ၊ nurse များနဲ့ ဝန်ထမ်းများ Covid လူနာများအတွက် အများအကျိုးကို ပဓာနထားပြီးစောင့်ရှောက်ပေးနေသော သူများ အားလုံး ကိုကျေးဇူးပြောမပြတတ်အောင်တင်ပါတယ်ခင်ဗျာ။ လှူချင်သူများလည်း သွားရောက်လှူဒါန်းလို့ရပါတယ်။ ကျွန်တော် Covid ဖြစ်တုန်းက ဘာဆိုဘာမှ ထွေထွေထူးထူး မခံစားခဲ့ရပေမယ့် အမေကျတော့ နှလုံးရောဂါ နဲ့ ဆီးချိုရောဂါရှိခံရှိနေတာရယ်၊ လူကြီးဖြစ်တာလည်း တစ်ပိုင်း ၁ လနီးပါးကုသလိုက်ရပါတယ်။ မပေါ့ကြပါနဲ့" ဆိုပြီးတော့ ဒီဇင်ဘာလ (၃၀) ရက်နေ့ နေ့လယ် (၁၁) နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Oakkar Min Mg

ဥက္ကာမင်းမောင်ကိုယ်တိုင်ကလည်း New York မှာ နေထိုင်ရင်း အောက်တိုဘာလ (၁၉) ရက်နေ့တုန်းက ကိုဗစ် ကူးစက်ခံလိုက်ရသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုဗစ်ရောဂါ ပြန့်နှံ့နေတုန်းက ကာလမှာ မိခင်ကိုရော၊ ပရိသတ်တွေလည်း ကျန်းမာရေးကို ဂရုတစိုက်နေထိုင်ဖို့ ပြောခဲ့ပါသေးတယ်။ 

" Covid ဖြစ်တဲ့သူတိုင်း အသည်းအသန်ရောဂါခံစားရတာမဟုတ်ပါ။ ဘာမှမဖြစ်ဘူးဆိုပြီးပေါ့ဆခြင်းသည် တခြားသူတွေကို ရောဂါမျှဝေပေးသလိုဖြစ်ပြီး လူကြီးတွေ နဂိုရောဂါအခံရှိပြီးသားသူတွေ အသက်ဆုံးရှူံးတဲ့အထိ အန္တရာယ်များပါတယ်။ ရှေ့တန်းက ကုသပေးနေသော ဆရာဝန်များ သူနာပြုများလဲ ပင်ပန်းကြရပါတယ်။ မေကြီး အိမ်ပြန်ရပြီဆိုတော့ စိတ်အေးရပါပြီ.. နှစ်သစ်မှာအားလုံး ကျန်းမာချမ်းသာကြပါစေ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Oakkar Min Mg

ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က