သူကိုယ်တိုင် ပရိသတ်ကို ပြောတာပါ။

မေထွဋ်ခေါင်ကတော့ တတိယမြောက်ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြီလို့ ဝမ်းနည်းကြေကွဲစွာ ပြောပြလာပါတယ်။ 

Photo: May Htut Khaung



မေထွဋ်ခေါင်ကတော့ သူမရဲ့ တတိယမြောက် ရင်သွေးလေး ကွယ်လွန်သွားပြီလို့ ဆိုပါတယ်။သူမဟာ တတိယမြောက်ရင်သွေးလေးကို ဇွန်လမှာ ကိုယ်ဝန် စဆောင်ခဲ့တာပါ။ ဒါပေမယ့် အခုဆိုရင်တော့ စိတ်မကောင်းစွာနဲ့ ဆုံးရှုံးလိုက်ရပါပြီ။

" ဗိုက်ထဲက သားလေးဆုံးသွားပါပြီ..." ဆိုပြီးတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အနုပညာမောင်နှမတွေ၊ မိသားစုဝင်တွေ နဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေရသလို သူမကို Comment ကနေ တဆင့် ခွန်အားဖြစ်စေမယ့် စကားလေးတွေ ပြောခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ 

Photo: May Htut Khaung

လက်ရှိမှာတော့ မေထွဋ်ခေါင်မှာ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီးလေးကတော့ အသက်(၄) နှစ်ရှိပါပြီ။ သားငယ်လေးကတော့ အသက်(၂) နှစ်သာရှိပါသေးတယ်။ သူတို့ဟာ သားသမီး (၄) ယောက်အထိ ယူဖို့အတွက် မျှော်လင့်ထားတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ တတိယမြောက်ရင်သွေးလေးကိုလည်း သားလေးလား၊ သမီးလေးလားဆိုတာကိုလည်း ရင်ခုန်စွာနဲ့ စောင့်မျှော်နေခဲ့တာလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။


Photo: May Htut Khaung

သရုပ်ဆောင် မေထွဋ်ခေါင်နဲ့ ခင်ပွန်းဖြစ်သူ ဆီဇာညီညီတို့ဟာ ၂၀၁၆ ခုနှစ် မေလ(၂၉)ရက်နေ့ က လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ (၄) နှစ်ကျော်လာခဲ့ပါပြီ။ မေထွဋ်ခေါင်ဟာ တစ်ချိန်က အနုပညာလောကမှာ သရုပ်ဆောင် တစ်ဦးအနေနဲ့ ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က