အင်မတန်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်အတွက် Miss Universe Myanmar ဆုကိုတော့ ဟားခါးအလှမယ် သူဇာဝင့်လွင် က ရရှိသွားတာဖြစ်ပြီး ပြည်ပနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် (၆၉) ကြိမ်မြောက် Miss Universe 2020 ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ရတော့မှာပါ။ 

Photo: Miss Universe Myanmar

၈ကြိမ်မြောက် Miss Universe Myanmar 2020 ပြိုင်ပွဲရဲ့ နောက်ဆုံး Final ပွဲကြီးကိုတော့ ကိုဗစ်ကာ လဖြစ်တာကြောင့် Miss Universe Myanmar Facebook Page ကနေတဆင့် ဒီဇင်ဘာလ (၃၀) ရက်နေ့ ည (၇) နာရီအချိန်က လူမှုကွန်ယက်စာမျက်နှာပေါ်ကနေတဆင့် Live ထုတ်လွှင့်ရင်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ Miss Universe Myanmar 2020 Winner ဆုကို ဟားခါးအလှမယ် သူဇာဝင့်လွင် ၊ 1st Runner Up ဆုကို မြဝတီကိုယ်စားပြု အလှမယ် ဟန်လေး ၊ 2nd Runner Up ဆုကို မြစ်ကြီးနားအလှမယ် မေသဇင်ဦး ၊ 3rd Runner Up ဆုကို ရန်ကုန်(South)အလှမယ် ရေချယ်၊ 4th Runner Up ဆုကိုတော့ ပုသိမ်အလှမယ် မြစမ်းသီတာ နဲ့ 5th Runner Up ဆုကို ဗန်းမော်အလှမယ် နော်ခရစ္စတင်း တို့က ဆွတ်ခူးရရှိ သွားပါတယ်။ 


Photo: Miss Universe Myanmar

ပြိုင်ပွဲကိုတော့ ပြည်နယ်နှင့်တိုင်း အလှမယ် ၃၅ ယောက် တို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အဲဒီထဲမှာမှ အလှမယ် (၁၆) ဦးတို့ကို ရွေးချယ်ခဲ့ပါတယ်။ ယင်း အလှမယ် (၁၆) ဦးတို့ဟာ စက်တင်ဘာလ (၂၄) ရက်နေ့တုန်းက Online Voting စနစ်နဲ့ ပြုလုပ်တဲ့ National Costume ပြိုင်ပွဲမှာ အမိုက်စားဝတ်စုံတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အဲဒီအထဲမှာမှ ထားဝယ်အလှမယ် ထက်နိုင်ရှိန်း က ချိုးဥမယ် ဆိုတဲ့ ဝတ်စုံနဲ့ Best National Costume Winner ဆုကို ရရှိပိုင်ဆိုင်သွားပါတယ်။ အခြား Title Awards ဆုတွေကိုတော့ Miss Beautiful Smile Title Award ဆုကိုတော့ မြဝတီကိုယ်စားပြုအလှမယ် ဟန်လေး က ဆုငွေကျပ် (၅) သိန်း ရရှိခဲ့တာဖြစ်ပြီး Miss Healty Skin Title Award ဆုနဲ့ ငွေကျပ် ၁၅ သိန်း၊ Miss Photogenic Title Award ဆု နဲ့ ငွေကျပ် ၁၀ သိန်း၊ Miss Dentist Title Award ဆု၊ Best In Evening Gown Titel Award ဆု တို့ကိုတော့ ဟားခါးအလှမယ် သူဇာဝင့်လွင် တစ်ဦးတည်းက ဆွတ်ခူးရရှိသွားတာပါ။

Photo: Miss Universe Myanmar

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar 2013 ကိုတော့ အလှမယ် မိုးစက်ဝိုင်၊ ဒုတိယအကြိမ်မြောက် Miss Universe Myanmar 2014 ကိုတော့ အလှမယ် သျှားထွဋ်အိန္ဒြာ၊ တတိယအကြိမ်မြောက် Miss Universe Myanmar 2015 ကိုတော့ အလှမယ် မေဘရဏီသော် ၊ စတုတ္ထအကြိမ်မြောက် Miss Universe Myanmar 2016 ကိုတော့ အလှမယ် ထက်ထက်ထွန်း၊ ပဉ္စမအကြိမ် Miss Universe Myanmar 2017 ကိုတော့ အလှမယ် ဇွန်သံစဉ်၊ ဆဌမအကြိမ် Miss Universe Myanmar 2018 ဆုကိုတော့ အလှမယ် နှင်းသွေးယုအောင်၊ သတ္တမအကြိမ်မြောက် Miss Universe Myanmar 2019 ဆုကိုတော့ အလှမယ် ဆွေဇင်ထက်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 



Share

Loading Next Article...
က္က