အစီအစဉ်အသေးစိတ်ကို ပြောပြခဲ့ပါတယ်။

အဆိုတော်ရဲလေးကတော့ ဇန်နဝါရီလ (၁၁) ရက်နေ့မှာ Birthday Show ပွဲ ကျင်းပသွားမယ့် အကြောင်းကို အခုလို ပြောပြထားပါတယ်။ 

Photo: Ye Lay



အဆိုတော် ရဲလေးကတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့လေးကို ပရိသတ်အတွက် အမှတ်တရဖြစ်အောင် ဖျော်ဖြေပွဲလုပ်သွားမယ်လို့ ဆိုပါတယ်။ ပွဲ အချိန်ကိုတော့ ည (၇) နာရီ သတ်မှတ်ထားတာပါ။ Birthday Show လုပ်ဖြစ်ရတဲ့ အကြောင်းအရင်းကိုလည်း အခုလို ပြောပြထားပါတယ်။ 

“ ဒီ မွေးနေ့ဖျော်ဖြေပွဲ လုပ်ဖြစ်တာကတော့ အားလုံးက Entertainment ဆိုတာကို လိုအပ်နေကြပြီ။ ဒီရောဂါကို တိုက်ဖျက်ရတဲ့ အချိန်တွေမှာ ငြီးငွေ့လာတဲ့ အတွက် ကျွန်တော့်ကို By Name တပ်ပြီး ကိုရဲလေး ကြာကြာလေးဆိုလို့ရမယ့် ပွဲလေး လုပ်ပေးပါဆိုတော့ စဉ်းစားရင်းနဲ့ ဒီနှစ်တော့ အမှတ်တရ တစ်ခုဖြစ်သွားအောင် ကျွန်တော့်ရဲ့ Birthday Show လေးကို လုပ်ဖြစ်သွားတာပါ။ မလုပ်တာ ကြာပြီဖြစ်တဲ့ Birthday Show လေးကို ချစ်ဖို့ကောင်းအောင်၊ အသစ်တွေ ဖြစ်မယ့် Show ကို အမှတ်တရ အနေနဲ့ ၂၀၂၁ ရဲ့ နှစ်အစပိုင်းမှာ လုပ်လိုက်တဲ့ သဘောပါပဲ”ဆိုပြီးတော့ ဇန်နဝါရီလ (၄) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဗီဒီယို ဖိုင်လေးနဲ့ ပြောပြခဲ့တာပါ။ 

Photo: Ye Lay

ရဲလေးဟာ သူ့ရဲ့ Birthday Show ကို လူမှုကွန်ယက်စာမျက်နှာပေါ်ကနေတဆင့် ပြုလုပ်သွားမှာပါ။ ပရိသတ်တွေအားလုံး ကြိုက်တဲ့ သီချင်းတွေကို မျှမျှ တတ သီဆိုပေးသွားဦးမယ်လို့လည်း သူက ဆိုပါတယ်။ 

" ပရိသတ်တွေကတော့ သူတို့ဆိုချင်တဲ့သီချင်းတွေ၊ သူတို့ နားထောင်ချင်တဲ့ သီချင်းတွေကို တောင်းဆိုကြမှာ သိပါတယ်။ ဒါပေမယ့် အရင်တုန်းကတည်းက အားပေးတဲ့ ပရိသတ်တွေရော၊ အခုမှ စပြီး အားပေးတဲ့ ပရိသတ်တွေရော မျှသွားအောင်လို့ ဆိုမှာပါ။ သိပ်အဆန်းကြီး မဟုတ်သလို အရမ်းကြီး ခေတ်ဟောင်း မရောက်အောင် Update လေးတွေ လုပ်ထားတယ်။ ကျွန်တော့်ရဲ့ ရူးသွပ်မှုကို အားလုံး စီးမျှောပြီးတော့ လိုက်ရူးသွပ်ကြပါလို့ ပြောချင်ပါတယ်။ ဘယ်သူတွေ ပါမယ် ဆိုတာကတော့ အားလုံးကို Surprise တိုက်ချင်တယ်။ Program တွေကို တန်ပို တတ်ချင်တဲ့ အတွက် ကြိုပြောရတာ မကောင်းဘူးလေ။ ဒါပေမယ့် ကျွန်တော်နဲ့ လက်တွဲခဲ့တဲ့ သူငယ်ချင်းတွေ အများဆုံး ပါဝင်မှာပေါ့နော်။ ဒါကြောင့် မပျက်မကွက် အစအဆုံး စောင့်ကြည့်ပေးကြပါ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဇန်နဝါရီလ (၁၁) ရက်နေ့ ည(၇) နာရီမှာ ကျင်းပပြုလုပ်မယ့် ရဲလေးရဲ့ Birthday Show ကိုတော့ “ 

https://www.facebook.com/yelayofficial/, https://www.facebook.com/YLJKEnt/, https://www.facebook.com/Joker-Jwee-107622964468775/, https://www.youtube.com/yelay , https://www.youtube.com/yljkentertainment” စတဲ့ Facebook Page တွေကနေတဆင့် ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ တစ်ချိန်တုန်းကတော့ အဆိုတော် ရဲလေးဟာ သူ့ရဲ့ Birthday Show တွေကို ပရဟိတ အတွက်ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့ဖူးပါတယ်။ 

Photo: Ye Lay

ရဲလေး(Ye Lay)ဟာအနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း (၁၀) စုနှစ်တစ်ခုကို ကျော်လာပြီဖြစ်ပါတယ်။ ရဲလေးက ဟိုအရင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဒီနေ့အချိန်ထိလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က