သူမကိုယ်တိုင်ကလည်း အဓိဋ္ဌာန်ဝင်နေတာပါ။

နေခြည်ဦးကတော့ ပထမဆုံးအကြိမ် ညောင်ဆယ်ပင် အဓိဋ္ဌာန်ဝင်ရင်း ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်လေးကို ပရိသတ်အတွက် ဝေမျှခဲ့ပါတယ်။ 

Photo: Nay Chi Oo



နေခြည်ဦးကတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ ဇန်နဝါရီလ (၄) ရက်နေ့ ကတည်းက ညောင်ဆယ်ပင်အဓိဋ္ဌာန်ဝင်နေတာ တွေ့ရပါတယ်။ သူမဟာ ပထမဆုံးအဓိဋ္ဌာန်ဝင်တာဖြစ်သလို အောင်ဇဗ္ဗူတောရ ဆရာတော်ကြီးရဲ့ ဒုတိယမြောက်အောင်မြေဖြစ်တဲ့ သာသနာ့နယ်မြေဝန်းအတွင်းမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ကုသိုလ်အနေနဲ့ ငွေကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

" ဘုန်းဘုန်းကြီး သာသနာ့နယ်မြေဝန်းအတွင်း တစ်ပါးကျောင်းဆောင်တွေ ဆောက်လုပ်လှူဒါန်းနေတဲ့နေရာမှာ တစ်ဆောင်စာ အတွက် ညောင်ဆယ်ပင် အဓိဌာန်ပထမဆုံး အကြိမ်ဝင်ပြီး သိန်း (၁၀၀) လှူဒါန်းခဲ့ပါတယ်။ ဘုန်းဘုန်းကြီးရဲ့ ဒုတိယအောင်မြေ မြဝတီမှာလည်း ဘဝပါဌာန်းဆက်တွေ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်လှူဒါန်းဖို့ နိဗ္ဗာန်ဆော်လိုက်ပါတယ်။ ကို Yaw Lay ဆီကတစ်ဆင့်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။ နေခြည့်ရဲ့ နှစ်သစ်ကတော့တကယ့်ကို ပြည့်စုံသွားပါပြီ။See you soon, Yangon" ဆိုပြီးတော့ ဇန်နဝါရီလ (၆) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Nay Chi Oo

နေခြည်ဦးဟာ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားတာ တွေ့ရပါတယ်။ ဒါ့အပြင် သူမဟာ ကျောက်မျက်ရတနာတွေကို Live Sale လုပ်ရင်း ရလာတဲ့ အနုပညာကြေးတွေကိုလည်း အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် တက်တက်ကြွကြွ လုပ်ဆောင်တတ်တဲ့ အနုပညာရှင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အခုဆိုရင်တော့ သူမဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတတွေလည်း လေ့လာနေတယ်လို့လည်း သိရပါတယ်။

Photo: Nay Chi Oo 


လက်ရှိမှာတော့ နေခြည်ဦးဟာ Beautybynaychi Facebook Page မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အလှအပရေးရာတွေ မျှဝေနေတာတွေ့ရပါတယ်။ သူမက Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က