ဒုတိယမြောက်ကိုယ်ဝန်ပါ။

မိုးယုစံကတော့ သားကြီး နဲ့ သားငယ်လေးတို့ရဲ့ အမှတ်တရလေးတွေ စိတ်ကူးရင်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Moe Yu San



မိုးယုစံကတော့ ဗိုက်ထဲက သားလေးကို ကြိုဆိုခြင်း အမှတ်တရအဖြစ် Baby Shower ပွဲလေးကို ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်းတွေလုပ်ပေးတဲ့ Surprise ပွဲလေးအဖြစ်နဲ့ ဒီဇင်ဘာလအတွင်းမှာ ကျင်းပခဲ့ပါတယ်။ သားကြီးဖြစ်တဲ့ Austin ကိုယ်တိုင်ကလည်း ဗိုက်ထဲကနေ မွေးလာမယ့် ညီလေးကို အရမ်းတွေ့ချင်နေပြီဆိုတဲ့ အကြောင်း မိုးယုစံက ပြောပြခဲ့ပါတယ်။ 

" Baby Shower ပွဲလေးအမှတ်တရပါပဲ သားကြီးလေးAustin တုန်းကမလုပ်လိုက်ရလို့စိတ်မကောင်းဖြစ်ပေမယ့် သားကြီးလေးရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကတော့ မာမီ့ဖုန်းထဲ ရင်ထဲထိအပြည့်ပါပဲ။ သားလေးနှစ်ယောက်လုံး ငယ်ဘဝမှတ်တမ်းလေးတွေကို သားလေးတွေကြီးလာတဲ့အခါပြန်ကြည့်လို့ရအောင် မာမီ အမှတ်တရသိမ်းထားပါတယ်။ သားငယ်လေးကိုတွေ့ရဖို့ ၁ လကျော်ပဲလိုတော့တယ်။welcome baby Kevin ။ ကိုကိုကြီ းAustinကတော့ ညီလေးကိုတွေ့ချင်နေပြီ" ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Moe Yu San

မိုးယုစံဟာ ဒုတိယမြောက်ရင်သွေးလေးကိုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မွေးဖွားမယ်လို့ သိရပါတယ်။ သားလေးရဲ့ နာမည်ကိုတော့ Kevin လို့ အမည်ပေးထားပါတယ်။ မကြာခင် ညီလေးဖြစ်သူကို ပိုင်ဆိုင်ရတော့မယ့် သားကြီး Austin ကလည်း အရမ်းပျော်နေတယ်လို့ မိုးယုစံရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါသေးတယ်။ သူမရဲ့ သားနှစ်ယောက်ကတော့ အသက် (၃) နှစ်ကျော် ကွာပါတယ်။ သားကြီးဖြစ်တဲ့ ကောင်းသိင်္ခမိုးသူ( ခေါ်) Austin ကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၁) ရက်နေ့ က မွေးဖွားခဲ့တာဖြစ်ပါတယ်။ 

Photo: Moe Yu San

မိုးယုစံဟာ အနုပညာလောကထဲမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးသူပါ။ ဒါပေမယ့်၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ချစ်သူဖြစ်တဲ့ ကိုစွမ်းသူနဲ့ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၄) နှစ်ကျော်လာပြီဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး သားလေးနဲ့ အတူဖြစ်စေ၊ မိသားစု အတူတူဖြစ်စေ ကလေးအသုံးအဆောင် ပစ္စည်းလေးတွေကို ကြော်ငြာရိုက်ကူးရေး အနေနဲ့သာလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က