သူ့အတွက် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ နေ့လေး တစ်ခုပါပဲ။
Sabal Thwin

နေခြည်ဦးကတော့ သူ အကြိုက်ဆုံး ကားလေးကို ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်ခဲ့ရတဲ့ ပီတိကို အခုလို ပြောပြခဲ့ပါတယ်။ 

နေခြည်ဦးကတော့ သူကိုယ်တိုင် စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ကားတစ်စီး ဝယ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိတယ်လို့ ပြောပါတယ်။ မိဘတွေကို ဝယ်ပေးဖို့ ပူဆာလို့ရပေမယ့် သူကိုယ်တိုင်လိုချင်တဲ့ ပစ္စည်းကို ကိုယ်တိုင် ပိုက်ဆံစုပြီး ဝယ်လိုက်ရတဲ့အတွက် ဝမ်းသာနေတယ်လို့ သူက ဆိုပါတယ်။ 

“ နေခြည့်ရဲ့ Car Shopping Day ကတော့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ မိဘရဲ့ လောင်းရိပ်အောက်က လွတ်ပြီးတော့ ဆိုလိုချင်တာက မိဘဆီက ပိုက်ဆံမတောင်းပဲ ကိုယ်ပိုင် ပိုက်ဆံနဲ့ ဝယ်မယ့် အရာလေးဖြစ်ပါတယ်။ လက်ရှိ စီးနေတဲ့ကားက နေခြည်ဘွဲ့ရပြီးခါစ ရန်ကုန်ပြန်ရောက်လာတဲ့နှစ်မှာ ဖေဖေ က ဂုဏ်ပြု လက်ဆောင် အနေနဲ့ ဝယ်ပေးထားတဲ့ ကားပါ။ အခုချိန်မှာ ကိုယ်က ကိုယ်ပိုင်ပိုက်ဆံလည်း ရှာနေနိုင်ပြီ၊ ကိုယ့်ဘာသာကိုယ်လည်း ဝယ်သင့်နေတဲ့ အရွယ်ရောက်နေပြီဆိုတော့ အခု ဝယ်မယ့် ကားက ကိုယ့်ရဲ့ လုပ်အားခ၊ ကိုယ့်ရဲ့ ပိုက်ဆံလေးတွေ စုပြီးတော့ ဝယ်ဖြစ်လိုက်တဲ့ သဘောပဲ။ အဲဒီအတွက် နေခြည် ဂုဏ်ယူတယ်၊ နေခြည့် မိဘတွေကလည်း နေခြည့်အတွက် ဂုဏ်ယူနေမှာပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယို ဖိုင်လေးတင်ရင်း ပြောခဲ့တာပါ။  

Photo: Nay Chi Oo

ကား နဲ့ ပတ်သက်လာရင် အရမ်းရူးသွပ်တဲ့ နေခြည်ဦးက ကားဝယ်ဖို့အတွက် အလုပ်တွေ အဆက်မပြတ် ကြိုးစားလာခဲ့တာလို့ ပြောပါတယ်။ အခု ဝယ်လိုက်တဲ့ RANGE ROVER ကားလေးကတော့ သူ့ ဘဝ အတွက် ဒုတိယမြောက် ကားလေး ဖြစ်လာတယ်လို့လည်း သိရပါတယ်။ 

" နေခြည် ငယ်ငယ်လေးထဲက ကားတွေဆို အရမ်း Crazy ဖြစ်တယ်။နေခြည် ကျောင်းသွားတက်ပြီး ပြန်လာတဲ့အချိန်မှာ နေခြည်စီးဖို့ဆိုပြီး ဖေဖေက ကားလေးတစ်စီးဝယ်ပေးတယ်။ အဲ့ဒီတုန်းကဆို နေခြည် အရမ်းပျော်တာ။ ဘဝမှာ ပထမဆုံးရတဲ့ကားလည်း ဖြစ်တယ်၊ ကိုယ့်စိတ်ကြိုက် တစ်ယောက်ထဲလည်း စီးရမှာဆိုတော့။ နေခြည် 3 နှစ်ကျော် 4 နှစ်နီးပါး အလုပ် အလုပ် အလုပ် ဆိုပြီး တောက်လျှောက်လုပ်ပြီး ရှာထားတဲ့ပိုက်ဆံနဲ့ ကားတစ်စီးလောက်တော့ ဝယ်တော့မယ်ကွာလို့ နေခြည် ဆုံးဖြတ်လိုက်တယ်" ဆိုပြီးတော့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါသေးတယ်။ 

Photo: Nay Chi Oo

လက်ရှိမှာတော့ နေခြည်ဦးဟာ Beautybynaychi Facebook Page မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အလှအပရေးရာတွေ မျှဝေနေတာတွေ့ရပါတယ်။ သူမက Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က