ခေတ်သစ်စာကြည့်တိုက်လို့ အမည်ပေးထားပါတယ်။

ချစ်သုဝေဟာ မွေးနေ့တုန်းက လှူဒါန်းခဲ့တဲ့ စာကြည့်တိုက်လေး ရုပ်လုံးပေါ်လာပြီဖြစ်လို့ ဝမ်းသာပီတိဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo:Chit Thu Wai



ချစ်သုဝေကတော့ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၀) ရက်နေ့တုန်းက ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ ကုန်းမြင့်သာကျေးရွာမှာ " ခေတ်သစ်စာကြည့်တိုက်" လေး ဆောက်လုပ်ခဲ့ပါတယ်။ ဒီစာကြည့်တိုက်ဟာ တည်ဆောက်ပြီးစီးသွားပြီဖြစ်တာကြောင့် ချစ်သုဝေ တစ်ယောက် အရမ်းကို ပီတိဖြစ်လို့နေပါတယ်။ 

"Trezaမွေးနေ့တုန်းက ကိုယ့်အားကိုယ်ကိုးပရဟိတကျောင်း၊ ၁၂ မိုင်၊ ကုန်းမြင့်သာကျေးရွာ၊ ကျောက်တံခါးမြို့နယ် မှာ စာကြည့်တိုက်လေး လှူဒါန်း ခဲ့ပါတယ်။ ကလေးတွေပျော်စေဖို့ ကာတွန်းလေးတွေနံရံပတ်လည်မှာဆွဲစေချင်ခဲ့တဲ့စိတ်ကူးလေးကို ဖြစ်အောင်လုပ်အားကူညီခဲ့တဲ့ ကာတွန်းဆရာ ကိုသိန်းထွန်းဉီးကို အင်မတန်ကျေးဇူးတင်ပါတယ်။ ကာတွန်းဇာတ်ကောင်လေးတွေရေးဆွဲခွင့်ပေးတဲ့ ဆရာကြီးများကိုလည်း ဒီနေရာကနေကျေးဇူးတင် ကန်တော့ပါရစေ။" ခေတ်သစ် စာကြည့်တိုက်လေး" မှာကလေးတွေ ပျော်ရွှင်စွာ ပညာတွေရှာဖွေနိုင်ပါစေ" ဆိုပြီးတော့ ဇန်နဝါရီလ ၇ ရက်နေ့ ည (၇) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo:ALinn Yaung

၁၂ မိုင် ၊ ကျောက်တံခါးမြို့နယ်၊ ကုန်းမြင့်သာကျေးရွာမှာရှိတဲ့ ခေတ်သစ် စာကြည့်တိုက်လေးကိုတော့ ကလေးတွေကို စာဖတ်ဝါသနာပါလာဆောင် ဆွဲဆောင်မှု တစ်ခုအနေနဲ့ ကာတွန်းဇာတ်ကောင် ပုံလေးတွေ အများကြီး ရေးဆွဲထားတာ တွေ့ရပါတယ်။ ဒီ ကာတွန်းဇာတ်ကောင်တွေကိုတော့ နာမည်ကျော် ကာတွန်းဆရာကြီးတွေ ဖြစ်တဲ့ ကာတွန်းဆရာကြီးဦးတင်အောင်နီရဲ့ပြာဂလောင်ပြာလချောင်နှင့် သူငယ်ချင်းများ၊ ကာတွန်းဆရာကြီးဆွေမင်း(ဓနုဖြူ)ရဲ့မြိုင်ရာဇာတွတ်ပီ၊ ဗိုက်ကလေး၊ မသေးမျှင်၊ ကာတွန်းဆရာကြီးဦးသစ်ထွဏ်းရဲ့မောင်တီထွင်နှင့် ဂြိုလ်သားလေး ပီစိကွေး၊ ကာတွန်းပိုးဇာရဲ့မောင်မောင်ဇာ၊လေးမွန်၊ထွေးမွန်၊ ရွှေအိ၊ ရွှေဘုတ်၊ ကာတွန်းမင်းဇော်ရဲ့ဘိုဘို၊ အီးတီနှင့် သူငယ်ချင်းများတို့က သူတို့ရဲ့ ဇာတ်ကောင်လေးတွေကို ရေးဆွဲ ခဲ့ကြတာဖြစ်ပါတယ်။ 

Photo:Chit Thu Wai

ချစ်သုဝေဟာ ၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်နေ့တုန်းက မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (Myanmar learning resource centre-MLRC)ရဲ့ " ပညာရေး သံတမန်" တစ်ဦး အနေနဲ့ ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံ၏ စားသုံးသူကာကွယ်စောင့်ရှောက်ရေး အသင်းဝင် တစ်ဦး ဖြစ်ခဲ့သူပါ။ ဒါ့အပြင် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းရဲ့ သံတမန် အဖြစ်နဲ့လည်း ၂၀၁၃ ခုနှစ်တုန်းက ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ အလားတူပဲ ကျား၊မတန်းတူညီမျှမှုနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေးရေး သံတမ် တစ်ဦးအဖြစ်နဲ့လည်း ၂၀၁၃ ခုနှစ်မှာပဲ ခန့်အပ်ခြင်းခံထားရသူပါ။ ချစ်သူဝေဟာ ဂီတမှာသာမက လူထုအကျိုးပြု လုပ်ငန်းတွေမှာလည်း ထူးချွန် သူ တစ်ဦးဖြစ်ကြောင်း သူမရဲ့ ပရိသတ်တွေက သတ်မှတ်ထားကြတာကိုတွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က