ရှေ့မှာထွက်လာမယ့်သီချင်းတွေအတွက် စိတ်မပျက်စေရဘူးလို့လည်း ကတိပေးထားပါတယ်။

N Oo L ဟာ သူ့ကိုအားပေးချစ်ခင်ကြတဲ့သူတွေကို ရင်ထဲက စကားတွေ ပြောပြလာပါတယ်။

Photo: N Oo L



N Oo L ကတော့ The Voice Myanmar ( Season-3) ပြိုင်ပွဲကနေတဆင့် ပရိသတ် အခိုင်အမာ ရရှိခဲ့သူပါ။သူ့ကို ချစ်ခင်အားပေးကြသူတွေနဲ့ပတ်သက်ပြီး သူ့ရင်ထဲကသဘောထားတွေကို အခုလို ပြောပြလာပါတယ်။ 

" ကျွန်တော့်မှာ ပရိသတ်၊ Fanဆိုတာမရှိပါဘူး။ ကိုယ့်လူတွေကိုအဲ့လိုလည်းသဘောမထားပါဘူး။ 

ကျွန်တော့်ကိုစောင့်ကြည့်နားထောင်ပေးနေတဲ့ လူနည်းစုလေးက ကျွန်တော့်မိသားစု၊ညီအစ်ကိုမောင်နှမ၊ဘော်ဒါတွေပါပဲ။ အမြဲတမ်းစောင့်ကြည့်နားထောင်ပေးခဲ့လို့ ကျေးဇူးများစွာပါ အမျိုးများ။ ရသလောက် ရောက်သလောက် သီချင်းတွေဆက်ဆိုကြ နားထောင်ကြတာပေါ့နော" ဆိုပြီးတော့ ဇန်နဝါရီလ (၇) ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: N Oo L

N Oo L ဟာ ပြိုင်ပွဲကြီး ပြီးသွားတဲ့နောက်မှာလည်း သီချင်းတွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။ 

" ရှေ့မှာထွက်လာမယ့်သီချင်းတွေအတွက် စိတ်မပျက်စေရဘူးလို့ အားလုံးကိုကတိပေးပါတယ်။ အဲ့ဒါတွေထွက်လာတဲ့အခါလည်း နားထောင်ပေးပါ ခံစားဝေဖန်ပေးပါ။ ခုတွေ့ခဲ့တာလည်းကြာပါပြီ ခုမှတင်ဖြစ်တာပါ။မတွေ့ဖူးသေးတဲ့ဘော်ဒါတွေအားလုံးနဲ့လည်းအေးဆေးဆုံချင်ပါသေးတယ်။ Good Night all ဂီတနဲ့ငြိမ်းချမ်းကြပါစေ" လို့ သူကဆိုပါတယ်။

Photo: N Oo L

  N Oo L ကတော့ Winner ဆု အနေနဲ့ ဆုကြေးငွေ သိန်းနှစ်ရာ ၊ FG Entertainment နဲ့ သီချင်းခွေ ထုတ်ခွင့်ရမှာ ဖြစ်သလို MG Brand ကားတစ်စီးကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ သူဟာ The Voice Myanmar (Season-3) ရဲ့ Final Round မှာ " ခရီးသွား မီးခိုးတန်းများ" ၊ " ပလက်ဖောင်းမင်းသား" စတဲ့ တေးသီချင်းတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က