တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ပြောပြပါတယ်။

G Fatt ကတော့ ဒီနေ့ညမှာ သူ့ရဲ့ ဂီတလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်ကို Surprise လုပ်ခဲ့တာဖြစ်ပါတယ်။ 

Photo: G Fatt



G Fatt ကတော့ သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇန်နဝါရီ်လ ၁၃ ရက်နေ့မှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီပွဲ နဲ့ ပတ်သက်ပြီး သူ့ရဲ့ ကြိုးစားအားထုတ်ခဲ့ရပုံတွေကိုလည်း ပရိသတ် သိအောင် မျှဝေခဲ့ပါတယ်။ 

“ အခု Profile ပြောင်းထားတဲ့ 13 ဆိုတာ အခုလာမယ့် ၁၃ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ နောက်တစ်ကြိမ် One Man Show လုပ်မှာ ဖြစ်ပါတယ်။ အားလုံး စီစဉ်ပြီးသွားပါပြီ။ ပရိသတ်တွေက ဘာမှ လုပ်စရာမလိုပါဘူး ဖုန်းလေးနဲ့ နားကြပ်လေးနဲ့ နားထောင်ရုံပါပဲ။ ဒီပွဲအတွက် စီစဉ်ထားတာ အရမ်းကြာနေပါပြီ။ ၄ လ ၅ လလောက် ကြာပြီခင်ဗျ။ ပရိသတ်တွေ ပျော်လား မပျော်လားတော့ မသိဘူး ကျွန်တော်ကတော့ မျက်ရည်တောင် ဝဲ မိပါတယ်။ ကြိတ်ပြီး စီစဉ်ထားတဲ့ Show ပွဲက အခု လုပ်ခွင့်ရပါပြီ။ ဒါက တတိယမြောက် One Man Show ပါ။ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကြည့်လု့ိရတဲ့ ပွဲပါ။ ဒီပွဲကတော့ လုံးဝ ခရမ်းရောင် Theme လေးပါ။” ဆိုပြီးတော့ ဇန်နဝါရီလ ၈ ရက်နေ့ ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: G Fatt

G Fatt ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ သီချင်းတွေ အများကြီး ထွက်ခဲ့သူပါ။ ဒါ့အပြင် ဂီတဆုတွေလည်း ရရှိပိုင်ဆိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက်ရည်ရွယ်ပြီး One Man Show မယ့် ရည်ရွယ်ချက်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော် အလုပ်တွေ အများကြီး လုပ်တယ်နော်။ ပရိသတ်တွေလည်း ကျွန်တော့်ကို ချစ်သလို ကျွန်တော်လည်း အရမ်းချစ်ပါတယ်။ ဒီပွဲကို ရိုးရိုး လုပ်မှာ မဟုတ်ပါဘူး လျှို့ဝှက်ချက်တွေ နဲ့ လုပ်သွားမှာပါ။ ကျွန်တော့်ရဲ့ One Man Show ဟာ Live မဟုတ်ပါဘူး။ ကြိုတင်ရိုက်ကူးထားတာပါ။ ဒါက ကျွန်တော်လည်း ပရိသတ်တွေနဲ့ အတူတူကြည့်ချင်တဲ့ ဆန္ဒကြောင့်ပါ။ ဒါက ဒီနှစ်မှာ ထူးဆန်းသွားအောင် အခုလို စီစဉ်ထားတာပါ။ ကိုယ်တိုင်လည်း ပရိသတ် တစ်ယောက် အနေနဲ့ ကြည့်မယ့်ပွဲပါ။ ၁၃ ရက်နေ့ ည ၇ နာရီမှာ ကျွန်တော့်ရဲ့ Facebook Page ၊ V7 Entertainment Page ၊ My Tel Page နဲ့ Channel ကလည်း လွှင့်မှာပါ။ ဘာပဲဖြစ်ဖြစ် ကိုဗစ်ကာလမှာ One Man Show လုပ်နိုင်တဲ့အတွက် ဝမ်းသာနေမိပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဒါ့အပြင် G Fatt ဟာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကိုလည်း Fan Name အသစ်လေးပေးခဲ့တာကို တွေ့ရပါတယ်။ 

“ G Fatt ရဲ့ ပရိသတ်တွေကို JAFFY လို့ နာမည်ပေးလိုက်ပါပြီ။ G Fatt ရဲ့ JAFFY လေးတွေပေါ့ဗျာ။ JAFFY လးတွေကို အရမ်းတွေ့ချင်နေပါပြီ။ တကယ်လို့ လမ်းမှာတွေ့ရင်လည်း JAFFY လေးပါလို့ နှုတ်ဆက်ပေးပါခင်ဗျာ" ဆိုပြီးတော့ အမှတ်တရ ကိတ်မုန့်လေး ခွဲခဲ့ပါသေးတယ်။ 

Photo: G Fatt

G Fatt ဟာ သူ့ရဲ့ ပထမဆုံးအကြိမ် One Man Show ကိုတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တုန်းက ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့က မန္တလေးမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

ဒါ့အပြင် Shwe FM က ဆုချီးမြှင့်တဲ့ "Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု" ကိုလည်း "အကယ်၍ လက်ထပ်ခဲ့ကြရင်" ဆိုတဲ့ သီချင်းနဲ့ G Fatt က ရရှိထားသူဖြစ်ပါတယ်။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က