အမေတူသားလေးလို့ ဆိုပါတယ်။

မို့မို့မြင့်အောင်က အသုပ်ရောင်းနေရတဲ့ မိုးအောင်ရင်နဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: မို့မို့မြင့်အောင်



မို့မို့မြင့်အောင်ဟာ သားတစ်ယောက်လို ချစ်ရတဲ့ မိုးအောင်ရင်ရဲ့ ပရိသတ်အပေါ်ထားတဲ့ စိတ်နေစိတ်ထားတွေ ကို အခုလို ပြောပြလာပါတယ်။ 

“ဒီနေ့ တနင်္ဂနွေ နားရက်ဆိုတော့ အိမ်မှာနားနေတုန်း သားသား မိုးအောင်ရင်က ဖုန်းဆက်လာတယ် သားသား အသုပ် လာပို့ချင်လို့တဲ့ (ပြီးခဲ့တဲ့ သုံးလေးရက်က ဂဏန်းတွေ ပုဇွန်တွေ အများကြီးလာပို့ထားသေးတယ်) သူကပြောတယ် သားအသုပ်လိုက်ရောင်းနေတယ် ရုတ်တရက် ဒီစကားကြားရတော့ မို့ ရင်ထဲမှာ ဆို့သွားတယ်။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားလေးကို ဒီလို ဘယ်ရောင်းစေချင်ပါ့မလဲ။ မို့က မေးလိုက်တယ် သားလေး ကားနဲ့လိုက်ရောင်းတာ မြတ်ရောမြတ်ရဲ့လား သူကပြောတယ် အမေမွှေးရယ် ဘယ်မြတ်ပါ့မလဲ မရှုံးရင်ပြီးရော အမေမွှေး သားပရိတ်သတ်နဲ့ ထိတွေ့နေချင်တယ်။ ( အော်...အမေတူသားပါလား)” ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာပါ။ 

Photo: မို့မို့မြင့်အောင်

မို့မို့မြင့်အောင်ဟာ မကြာသေးခင်က မိခင်ကြီးကိုလည်း ဆုံးရှုံးခဲ့ရသလို သူကိုယ်တိုင်လည်း ကျန်းမာရေး မကောင်းတာကြောင့် အနုပညာအလုပ်တွေကို ရက်ပိုင်းလေး နားလိုက်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးနေပြီလို့ ဆိုပါတယ်။ 

" ချစ်ခင်လေးစားတန်ဖိုးထားရပါသော ပရိသတ်ကြီးနှင့် We Love သဲသဲတုန်လေးတို့ရှင့် မို့ Line ပေါ်မတတ်တာကြာတော့ လွမ်းနေကြရောပေါ့ ဒီဇင်ဘာလ လောက်က အံသွားနုတ်ထားရတယ် ပိုးသတ်ဆေးတွေသောက်တော့ နှုံးချိနေတာပဲ ပြီးတော့ ကျန်းမာရေး စစ်ဆေးမှုယူပြီး MRTV-4 က ချစ်လှစွာသော ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးနေပါသည်။ မိခင်ကလည်းဆုံး သွားကလည်း နုတ်ထားလို့ အားလျှော့နေပြီး Covid ကိုကြောက်ရတာ တစ်မျိုး စိတ်အင်အား ချိနဲ့စွာနဲ့ပဲ ရှူတင်ကို သွားရပါတယ်။ ရှူတင်ရောက်တော့လည်း အနုပညာရဲ့ ကုစားမှုကြောင့် သရုပ်ဆောင်မှု ပညာက မနေသာပါဘူး အားလုံးအဆင်ပြေပါတယ်” လို့ ပြောပြခဲ့ပါတယ်။ 

Photo: မို့မို့မြင့်အောင်

မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ လက်ရှိမှာ MRTV-4 ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေကြတဲ့ အနုပညာရှင်တော်တော်များများကို ကာရိုက်တာနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးနေရသူ တစ်ဦးဖြစ်ပါတယ်။ သူမဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၄၀ ကျော်သွားခဲ့ပါပြီ။ မို့မို့မြင့်အောင်ရဲ့ အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင့်မိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က