သူ့ရဲ့ ပရိသတ်တွေက စိတ်ပူနေခဲ့ကြတာပါ။

ထွန်းထွန်းကတော့ ကားအက်ဆီးဒင့်နဲ့ကြုံခဲ့ရတာကြောင့် ပရိသတ်တွေ စိတ်ပူနေမှာ သိတဲ့ အတွက် လက်ရှိ သူ့ရဲ့ အခြေအနေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: TunTun



ထွန်းထွန်းကတော့ ဇန်နဝါရီလ (၉) ရက်နေ့ ညတုန်းက ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ကားအက်ဆီးဒင့်ကြုံခဲ့ရတယ်လို့ သိရပါတယ်။ ဒီသတင်းကြောင့် ပရိသတ်တွေကလည်း စိတ်ပူနေကြသလို ထွန်းထွန်းကိုလည်း ဆက်သွယ်ဖို့ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ သူ့အနေနဲ့ ပရိသတ်ကို စိတ်ပူစေခဲ့မိတာကြောင့် ခွင့်လွှတ်ပေးဖို့ ပြောပြထားပါတယ်။ 

" ကျွန်တော့် မိတ်ဆွေတွေကို စိတ်ပူစေမိလို့ အားလုံးကို ခွင့်လွှတ်ပါ လို့ပြောလိုပါတယ်။ ကျွန်တော် အရာရာအဆင်ပြေပါတယ်ဗျာ။ အခက်အခဲဖြစ်နေချိန်မှာ အစအဆုံးအရာရာကူညီပေးတဲ့ ချစ်ကိုကြီးကိုနေလင်းဦး၊ ညတွင်းခြင်းထွက်လာပေးတဲ့ ကရိန်းကားအစ်ကိုကြီးတွေ နဲ့ အခုလို ချက်ချင်း လာရောက်ကူညီ ပေးတဲ့ မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေး အဖွဲ့မိထ္တီလာမှ ကိုကျော်ကိုကို ကို ကျေးဇူးအရမ်းတင်ပါတယ် ( အလှူငွေ ၁သိန်း၂ သောင်းလှူခွင့်ရတဲ့ လည်းကျေးဇူးတင်ပါတယ်) လို့ အဓိကပြောပါရစေ၊ အမြန်လမ်းမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ခရီးသွားတွေအပေါ် ယုတ်မာတဲ့သူတွေလည်း တူသောအကျိုးပေး မဖြစ်ကြဖို့ပဲ ဆုတောင်းပေးပါတယ်ဗျာ။ အားလုံးပဲ ကျန်းမာရွှင်လန်းပါစေဗျာ" ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Tun Tun

ဒါ့အပြင် ကားအက်ဆီးဒင့်ဖြစ်ခဲ့လို့ အခက်အခဲကြုံနေရတဲ့ အချိန်မှာ အကူအညီတွေ ပေးခဲ့သူတွေ တစ်ယောက်ချင်းစီတိုင်းကိုလည်း ထွန်းထွန်းက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဘာကြောင့် ကားအက်ဆီးဒင့်နဲ့ ကြုံခဲ့ရသလဲ ဆိုတာကို ပရိသတ်တွေ သိအောင် ထပ်ပြောပြဖို့ ကြိုးစားဦးမယ်လို့လည်း ထွန်းထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Tun Tun

ထွန်းထွန်းဟာ ဇန်နဝါရီလ (၉) ရက်နေ့ ည (၁၀) နာရီခွဲလောက်က မိုင်တိုင်(၂၂၆) မှာ လမ်းပေါ်မှာ အတားအဆီးတစ်ခုသဖွယ်ဖြစ်နေတဲ့ သစ်တုံးကြီး တစ်ခုကို ကားအရှိန်နဲ့ တိုက်မိခဲ့ရာ ကားလည်းပျက်စီးသွားခဲ့တာ ဖြစ်ပြီး ဒီအတိုင်း ဆက်မောင်းခဲ့ရာမှာ မိုင်တိုင်(၂၃၀) မှာ ကားဆက်မောင်းလို့ မရတော့တာကြောင့် သက်ဆိုင်ရာဌာနတွေကို အကူအညီတောင်းခံခဲ့တာဖြစ်တယ်လို့ ထွန်းထွန်းတို့ကို ကူညီပေးခဲ့တဲ့ မျိုးဆက်သစ် မြတ်ပါရမီ အသင်းမှ မထွေးထွေးငြိမ်းက Duwun ကို ဖြေဆိုခဲ့ပါတယ်။ ထွန်းထွန်းအပါအဝင် ကားပေါ်မှာ ပါလာတဲ့ လူတွေလည်း ထိခိုက်ဒဏ်ရာ မရှိခဲ့ကြဘူးလို့လည်း သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က