ဒီနေ့မှာ လူထွက်လိုက်ပြီလို့ ဆိုပါတယ်။

မုဏ်းဟာ ဆရာလေး " မစန္ဒာသီရိ" ဆိုတဲ့ ဘွဲ့နာမည်နဲ့ သာသနာ့ဘောင်ဝင်ရင်း တရားအားထုတ်ခဲ့တာ တွေ့ရပါတယ်။ 

Photo: Mone



ပရိသတ်အချစ်တော်မလေး သရုပ်ဆောင် မုဏ်းဟာ ဇန်နဝါရီလ (၅) ရက်နေ့တုန်းက သာသနာ့ဘောင် ဝင်ခဲ့တာလို့ သိရပါတယ်။ သူမရဲ့ သီလရှင်ဘွဲ့နာမည်ကတော့ ဆရာလေး " မစန္ဒာသီရိ" ဖြစ်ပါတယ်။ သီလရှင်ဝတ်နေတဲ့ အချိန်မှာလည်း မုဏ်းဟာ ကုသိုလ်အလှူတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 

" (၇) ရက်တိတိ သာသနာ့အမွေကို ခံယူကာ မိဘကျေးဇူးကို ဆပ်လို့ လူထွက်ခဲ့ပါပြီ။ပြုပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့ကို သိခြင်း၊ ကြားခြင်း၊ သာဓုခေါ်ဆိုခြင်းဖြင့် ကုသိုလ်ထပ်တူရစေလိုခြင်းငှာ မျှဝေပေးပါတယ်" ဆိုပြီးတော့ ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့ဘွတ်မှာ ရေးသားခဲ့တာပါ။ ဒါ့အပြင် သာသနာ့ဘောင်ဝင်ခဲ့တုန်းက အမှတ်တရ ပုံလေးတွေကိုလည်း တင်ခဲ့ပါသေးတယ်။ 

Photo: Mone

ပရိသတ်ကို ကြိုတင်အသိမပေးထားတာကြောင့် အခုလို သီလရှင် ထွက်လာတဲ့ အခါမှသာ ဓာတ်ပုံတင်ပြီး ပြောခဲ့တာ ဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း Surprise ဖြစ်ခဲ့ရတယ်လို့ Comment ပေးထားကြတာ တွေ့ရပါတယ်။ သူမဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူဖြစ်သလို အောက်တိုဘာလ (၂၇) ရက်နေ့တုန်းက ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့ကိုလည်း ရန်ကုန်ဆေးရုံကြီး၊ သ.စ.အ ဓမ္မာစရိယ(အဘိဝံသ) ဘွဲ့ရ စာချအကျော် ဆရာတော်ကြီးများ သီတင်းသုံးလျက် ပရိယတ္တိစာပေများပို့ချရာ ပရိယတ္တိစာသင်တိုက်ကြီးများ နဲ့ စားနပ်ရိက္ခာ အဆင်မပြေလှတဲ့ အိမ်ထောင်စုတွေအတွက် အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ 

Photo: Mone

မုဏ်းကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ် စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမက MRTV-4 နဲ့ လက်တွဲပြီး ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးနေရသူ တစ်ဦးပါ။ စီနီယာအနုပညာရှင်တွေနဲ့ အတူတွဲသရုပ်ဆောင်ရတဲ့အခါမှာလည်း အနုပညာအရည်အချင်းတွေကို လေ့လာဆည်းပူးဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ



က္က