ငယ်ဘဝ ပုံရိပ်လေးတွေလည်း ပါဝင်ပါတယ်။

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မ နှစ်ဦးကတော့ သူတို့ရဲ့ မွေးနေ့ အမှတ်တရလေးတွေကို သီချင်းလေးနဲ့ ပုံဖော်ထားတာတွေ့ရပါတယ်။ 

Photo: Phone



ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မ နှစ်ဦးဟာ ဇန်နဝါရီလ (၁၄) ရက်နေ့မှာ မွေးနေ့ ကျရောက်ခဲ့ပြီးဖြစ်ပါတယ်။ ပန်းရောင်ခြယ်ဟာ အသက်(၂၅) နှစ်ပြည့်ပြီ ဖြစ်သလို ပန်းသွန်းခြယ်ကတော့ အသက်(၂၀) ပြည့်သွားပါပြီ။ 

" ၅ နှစ်ကြီး ၅ နှစ်ငယ် မွေးနေ့တစ်ရက်ထဲဖြစ်တဲ့ ပန်းသွန်း နဲ့ မမကြီး ရဲ့ မွေးနေ့အမှတ်တရ "Memories" cover ပါ" ဆိုပြီးတော့ ကမ္ဘာကျော်အဆိုတော် Maroon 5 သီဆိုထားတဲ့ " Memories" သီချင်းလေးကို Cover Song အမှတ်တရ အဖြစ် ညီအစ်မ နှစ်ဦး အတူတူ သီဆိုခဲ့ကြပါတယ်။ ဒီ သီချင်းလေးထဲမှာတော့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ရဲ့ ငယ်ဘဝပုံရိပ်လေးတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ 

အဆိုတော် ပန်းရောင်ခြယ်ကိုတော့ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ပန်းသွန်းခြယ်ကိုတော့ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ(၁၄) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့လေးတွေဟာ အရွယ်ရောက်လာပြီဖြစ်သလို ဂီတလမ်းကြောင်းပေါ်မှာလည်း စတင်လျှောက်လှမ်းနေတာ တွေ့ရပါတယ်။ ပန်းရောင်ခြယ်ကတော့ ဂီတအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေပေမယ့် သရုပ်ဆောင် တစ်ယောက် အနေနဲ့ပါ အနုပညာလောကမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ပန်းသွန်းခြယ်ကတော့ ဂီတလောကထဲကို ဝင်ရောက်ဖို့အတွက် ဖခင်ဖြစ်တဲ့ ဂရေဟမ်ဆီကနေ သင်ယူလေ့လာနေတုန်းပဲလို့ သိရပါတယ်။ 

Photo: Phone

အဆိုတော်ဂရေဟမ်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ " Happy Birthday သမီးကြီးနဲ့ သမီးငယ် " ဆိုပြီးတော့ အမှတ်တရ ဓာတ်ပုံလေးတွေ တင်ရင်း ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ သူတို့ မိသားစုလေးကတော့ ဂီတ မိသားစုလေးလည်းဖြစ်သလို ပရိသတ်တိုင်းရဲ့ အချစ်ကို ခိုင်ခိုင်မာမာ ရရှိထားကြသူတွေဆိုလည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ



က္က