စာမေးပွဲအမှတ်စာရင်းထွက်လာပြီလို့ ဝမ်းသာအားရပြောပြခဲ့ပါတယ်။
Sabal Thwin

ဆေးကျောင်းတက်ခွင့်ရတော့မှာဖြစ်တဲ့ သမီးလေးအတွက် ဖခင်တစ်ယောက်ရဲ့ ဝမ်းသာပီတိတွေကို ဂေါ်ဇီလာက အခုလို ပြောပြခဲ့ပါတယ်။

Photo: Gaw Zi Lar



လူရွှင်တော် ဂေါ်ဇီလာတဲ့ သမီးဖြစ်သူ မသမီးချောကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး(၅) ဘာသာနဲ့ အောင်မြင်ခဲ့ပြီးနောက် အခုဆိုရင် ဆေးကျောင်းတက်ဖို့ အခွင့်အရေးရှိလာခဲ့ပြီလို့ ဂေါ်ဇီလာက ဝမ်းသာအားရ ပြောပြခဲ့ပါတယ်။ 

" သမီးလေးရဲ့ဆယ်တန်းအမှတ်စာရင်းထွက်ပါပြီ။ စုစုပေါင်း(503)မှတ်ရပါတယ်။ သမီးလေးလိုချင်တဲ့ဆရာဝန်လိုင်းတော့သေချာပြီပေါ့။ ရှေ့လျှောက်လျှောက်လှမ်းရမယ့် အခက်အခဲတွေကြားထဲမှာသမီးလေးအားတင်းထားပါ။ လိုရာပန်းတိုင်ကိုရောက်အောင်ကြိုးစားချီတက်ဖို့ကြိုးစားရုန်းကန်ရတော့မယ်" ဆိုပြီးတော့ ဇန်နဝါရီလ (၁၇) ရက်နေ့ မနက် (၉) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

Photo: Gaw Zi Lar

သမီးချောဟာ အ.ထ.က(၂) အင်းစိန်အထက်တန်းကျောင်းကနေ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဂေါ်ဇီလာဟာ သမီးဖြစ်သူရဲ့ ပညာရေးကို အကောင်းဆုံး မပံ့ပိုးနိုင်ခဲ့တာကြောင့် စိတ်မကောင်းဖြစ်ခဲ့ရသူပါ။ သူငယ်တန်းကတည်းကနေ (၁၀) တန်းအောင်တဲ့အထိ ကိုယ်ပိုင်အရည်အချင်းနဲ့ အောင်မြင်အောင် ကြိုးစားခဲ့တဲ့ သမီးလေးအတွက်လည်း သူကိုယ်တိုင်က ဂုဏ်ယူမဆုံးဖြစ်နေရတယ်လို့ Duwun ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: Gaw Zi Lar, Mya chaw

 ဂေါ်ဇီလာဟာ အနုပညာလောကထဲကို လူရွှင်တော် တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဇာတ်ပို့ သရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က