ယခင်နှစ်တွေက ဆေး၊စက်မှုနဲ့ ဥပဒေကျောင်းများအတွက်ပဲ ပညာသင်စရိတ်ပေးခဲ့တာပါ။

ပြေတီဦး ဖောင်ဒေးရှင်း အနေနဲ့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပညာရေးတက္ကသိုလ်တက်မယ့် ကျောင်းသား/ကျောင်းသူ ၂ဦးကိုလည်း ထပ်တိုးထောက်ပံ့ကူညီပေးသွားမှာဖြစ်ပြီး စုစုပေါင်း (၁၄) ဦး ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

Photo: ပြေတီဦးဖောင်ဒေးရှင်း



သရုပ်ဆောင် ပြေတီဦးကိုယ်တိုင် ဦးဆောင်ပြီး ပညာရေးအတွက် ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေတဲ့ " ပြေတီဦးဖောင်ဒေးရှင်း" ကတော့ အခုဆိုရင် (၁၁) နှစ်တာ အခိုင်အမာ ရပ်တည်လာတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်လို့နေပါပြီ။ အခုဆိုရင်တော့ (၁၁) ကြိမ်မြောက် ပညာရေး ထောက်ပံ့ကူညီမှုအနေနဲ့ လူဦးရေတိုးမြှင့်ထောက်ပံ့ပေးသွားမယ့် အစီအစဉ်မှာ ပညာရေးတက္ကသိုလ်ကို တက်ရောက်မယ့် ကျောင်းသား/သူ တွေကိုလည်း ပညာသင်စာရိတ် ထောက်ပံ့ပေးသွားမယ်လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ 

" ပြေတီဦးပညာရေးဖောင်ဒေးရှင်းကနေ ဖောင်ဒေးရှင်းစတင်တည်ထောင်သည့်အချိန်မှ စပြီး ပညာသင်စရိတ် အမှန်တကယ်လိုအပ်သူ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ဥပဒေ ကျောင်းသား/သူ များကို နှစ်စဉ်ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့ပြီး ယခု၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ဥပဒေကျောင်းသား/သူ များအပြင် ထပ်တိုးအနေဖြင့် ပညာရေးတက္ကသိုလ် တက်ရောက်မည့် ကျောင်းသား/သူ ၂ဦးကို ထပ်တိုး ထောက်ပံ့ပေးမည်ဖြစ်သည့်အတွက် ပညာသင်စရိတ်လျှောက်ထားလိုသူများ အောက်ပါပုံမှ အချက်အလက်များကို သေချာစွာဖတ်ပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်" ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲက သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: ပြေတီဦးဖောင်ဒေးရှင်း

ပြေတီဦးဖောင်ဒေးရှင်းဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဆရာဝန်လောင်းများ၊ ဥပဒေပညာရှင်လောင်းများ နဲ့ အင်ဂျင်နီယာလောင်းများကိုသာ မွေးထုတ်ပေးခဲ့ပေမယ့် ဒီနှစ်မှာတော့ ပညာရေးတက္ကသိုလ်တက်ရောက်မယ့် ကျောင်းသား/သူ (၂) ဦးကို ထပ်မံ‌ထောက်ပံ့ကူညီပေးသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့် ဆေးတက္ကသိုလ်တက်ရောက်မယ့် ကျောင်းသား/သူ (၅) ဦး၊ စက်မှုတက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/သူ (၅)ဦး၊ ဥပဒေကျောင်းသား/သူ (၂) ဦး နဲ့ ပညာရေးတက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/သူ (၂) ဦးတို့ကို ထောက်ပံ့ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းကနေ ပညာသင်စာရိတ်ထောက်ပံ့ပေးဖို့ ရွေးချယ်ခံလိုက်ရတဲ့ ကျောင်းသား/သူတွေကိုတော့ လစဉ်(၁) သိန်းကျပ်၊ ကျောင်းပိတ်သော လများတွင် တစ်လကို (၂) သောင်းကျပ် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ပညာရေးထောက်ပံ့ပေးမယ့်အလှူရှင်တွေရှိရင် ရှိသလောက် ထောက်ပံ့ ထောက်ပံ့ပေးသွားဦးမယ်လို့ သိရပါတယ်။ 

Photo: My Dream

ပြေတီဦးဖောင်ဒေးရှင်းကိုတော့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့ ပြေတီဦးရဲ့ မွေးနေ့မှာ စတင် တည်ထောင်ခဲ့တာပါ။ အဲဒီနောက် ၂၀၁၀-၂၀၁၁ ခုနှစ်ပညာသင်နှစ်မှာတော့ ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့် ကျောင်းသား/သူ (၁၈) ဦးတို့ကို တစ်ယောက်လျှင် ငွေကျပ်(၅) သောင်းစီ ပညာသင်စာရိတ် စတင်ထောက်ပံ့ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် နောက်ထပ် အလှူရှင်များက ကျောင်းသား/သူ(၂၇) ဦးတို့ကို ပညာသင်စာရိတ် ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းကနေ ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့တဲ့ ဆရာဝန် (၇၄) ယောက်၊ အင်ဂျင်နီယာ(၆) ယောက်၊ ဘွဲ့ရသူ ကျောင်းသားဦးရေ (၇၀) ယောက် မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ အယောက် ၁၀၀ ရှိတယ်လို့လည်း ပြေတီဦးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က