ခေတ် နဲ့ သစ်တို့ကလည်း (၄) နှစ်ပြည့်သွားကြပါပြီ။
Sabal Thwin

လင်းလင်းကတော့ သမီးလေးတွေရဲ့ မွေးနေ့အမှတ်တရကုသိုလ်အဖြစ် စာကြည့်တိုက်လေး ဆောက်လှူသွားမယ်လို့ ဆိုပါတယ်။ 

Photo: Chit Thu Wai



အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ ညီအစ်မကတော့ ဇန်နဝါရီလ(၁၉) ရက်နေ့တုန်းက အသက်(၄) နှစ်ပြည့်သွားခဲ့ကြပါပြီ။ သမီးလေးတွေမွေးနေ့ရောက်တိုင်းလည်း သူတို့ ဇနီးမောင်နှံဟာ အလှူအတန်းလေးတွေ လုပ်ပေးနေကြပါ။ ဒါပေမယ့် အခု အသက်(၄) နှစ်ပြည့်မွေးနေ့မှာတော့ စာကြည့်တိုက် ဆောက်သွားမယ်လို့ လင်းလင်းက ပြောပါတယ်။ 

" ဖြစ်ချင်နေတဲ့ဆန္ဒပြည့်ဖို့ ကြိုးစားပေးတဲ့ CLEAN YANGON ရဲ့ခေါင်းဆောင် ကိုဇေယျာ ရေ ကျေးဇူးပါ။ နိုင်ငံရဲ့ကျေးလတ်ဒေသတွေမှာ သမီးလေးတွေမွေးနေ့တိုင်း တစ်နှစ်တစ်ခါ စာကြည့်တိုက်လှူဖို့ ကြိုးစားနေတာတော့ ကြာပါပြီ။ ယခု ၄ နှစ်ပြည့်မွေးနေ့ကစပြီး အကောင်အထည်ဖော်မယ့် စိတ်ကူးပေါ့။ ဒီနေ့မနက်မှ နေရာလေးတစ်ခု အတည်ပြုရွေးချယ်ဖြစ်တယ်။ မန္တလေးတိုင်း ပုဂံမြို့သစ်အနောက်ဘက်ကမ်းက ကျွန်းရွာလေးမှာ စာကြည့်တိုက်လေးကို မကြာခင်ဆောက်ပါမယ်။ သမီးတွေမွေးနေ့တိုင်း တစ်နှစ်တစ်ခါ စာကြည့်တိုက် လှူနိုင်ဖို့လဲ ကြိုးစားပြင်ဆင်သွားမယ်" ဆိုပြီးတော့ ဇန်နဝါရီလ မနက် (၁၀) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

Photo: Chit Thu Wai

လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့ဆိုရင် သူတို့ နှစ်ဦးရဲ့ အိမ်ထောင်သက်တမ်းဟာ (၇) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှာတော့ အမြွှာသမီးလေးတွေ ဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ မွေးကာစအရွယ်ကတည်းက ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အချစ်တွေကို ရရှိခဲ့တဲ့ ကလေးလေးတွေဆိုလည်း မမှားပါဘူး။ 

Photo: Chit Thu Wai

လက်ရှိမှာတော့ လင်းလင်းနဲ့ ချစ်သုဝေတို့က သမီးလေးတွေရဲ့ နာမည်နဲ့ “ ခေတ်သစ် ဖောင်ဒေးရှင်း” ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဒီဖောင်ဒေးရှင်းကနေတဆင့် မွေးရာပါ နှလုံးအားနည်းတဲ့ ရောဂါ၊ နှလုံး ဇကာပေါက်ပါတဲ့ ရင်သွေးလေးတွေရဲ့ ကျန်းမာရေးကို ခွဲစိတ်ကုသပေးလျှက်ရှိပါတယ်။ ဒါ့အပြင် စာကြည့်တိုက် အလှူလေးတွေလည်း စတင်လှူဒါန်းနေပြီဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်းမှာ ခေတ်သစ်ဖောင်ဒေးရှင်းကနေတဆင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရတဲ့ နေရာဒေသများ သို့ အစားအသောက် နဲ့ အဝတ်အထည်၊ ငွေကြေးလှူဒါန်းခြင်းများ၊ ကွာရန်တင်းစင်တာများ ဆောက်လုပ်လှူဒါန်းခြင်းနဲ့ ကိုဗစ်ကာကွယ်ရေး ပစ္စည်းများ၊ ဆေးကုသရေး စက်ကရိယာများကိုလည်းလှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က