ဒီနေ့ကတော့ သားလေး အောင်ဗိုလ်ကောင်းသန့်ရဲ့ မွေးနေ့ပါ။
Sabal Thwin

ထွန်းအိန္ဒြာဗိုလ် ရဲ့ တစ်ဦးတည်းသောသားလေး အောင်ဗိုလ်ကောင်းသန့်ကတော့ ဒီနေ့မှာ အသက်(၁၅) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ 

Photo: Tun Eaindra Bo



အဆိုတော် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ရဲ့ သားဖြစ်သူ အောင်ဗိုလ်ကောင်းသန့်ကတော့ ဒီနေ့ ဇန်နဝါရီလ(၂၂) ရက်နေ့မှာ အသက်(၁၅) နှစ်ပြည့်ပြီဖြစ်ပါတယ်။ သားဖြစ်သူအတွက် ထွန်းအိန္ဒြာဗိုလ်က အခုလို မွေးနေ့ဆုတောင်းပေးထားပါတယ်။ 

" Happy Birthday ... သား ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ် ကို ကျင့်ကြံအားထုတ်ခွင့် ရ ပါစေ။ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ပါစေ။ သာသနာ ကို လှူဒါန်းထောက်ပံ့ နိုင်ပါစေ" ဆိုပြီးတော့ ဇန်နဝါရီလ ၂၁ ရက်နေ့ ည၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ အောင်ဗိုလ်ကောင်းသန့်ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် မွေးနေ့ဆုတောင်းစကားတွေ ပြောခဲ့ကြပါသေးတယ်။ 

Photo: Tun Eaindra Bo

အောင်ဗိုလ်ကောင်းသန့်ဟာ International School မှာ တက်နေတာဖြစ်လို့ သူ့ရဲ့ အင်္ဂလိပ်ကျောင်းနာမည်ကိုတော့ “ Cyrus" လို့ အမည်ပေးထားပါတယ်။ ပညာအရည်အချင်းကတော့ အခုချိန်မှာ (၉) တန်းအရွယ်သာရှိနေပြီး ကိုဗစ်ကာလဖြစ်တာကြောင့် Online ကနေ စာလေ့လာနေတယ်လို့ ထွန်းအိန္ဒြာဗိုလ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ တင်ခဲ့တဲ့ ဗီဒီယို ဖိုင်လေးမှာ ပြောပြခဲ့ဖူးပါတယ်။ ဒါ့အပြင် သူဟာ ဂေါ့ဖ် အားကစားမှာ ထူးချွန်သူဖြစ်ပြီး ဒီဇင်ဘာလ (၁၂) ရက်နေ့နဲ့ (၁၃) ရက်နေ့တို့မှာ ပြုလုပ်ခဲ့တဲ့ Club Championship ဂေါ့ဖ်ရိုက်ပြိုင်ပွဲမှာ longest drive ဆု (၂) ဆုတောင် ရရှိခဲ့တယ်လို့ သိရပါတယ်။ 

Photo: Tun Eaindra Bo

 ထွန်းအိန္ဒြာဗိုလ် ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်က " နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းရယ်၊ သားလေး အောင်ဗိုလ်ကောင်းသန့်ရယ် နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ တစ်ဦးတည်းသော သားလေးကလည်း ပညာရေးမှာရော၊ အားကစားမှာရော ထူးချွန်တဲ့သူ တစ်ယောက်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က