အပြင်ပန်းက မြင်ဖူးရုံပဲရှိတဲ့ ပရိသတ်တွေ မသိသေးတဲ့ အချက်ပါ။
Sabal Thwin

မိုးဟေကိုကတော့ သူမနဲ့ တရင်းတနှီးရှိတဲ့ မိတ်ဆွေတွေလောက်သာ သိတဲ့ စိတ်နေစိတ်ထားလေးတွေကို ပရိသတ် သိအောင် အခုလို ပြောပြထားပါတယ်။ 

Photo: Moe Hay Ko



မိဘအပေါ် သိတတ်လိမ္မာပြီး အပြောအဆို၊ အနေအထိုင် အရမ်းအေးဆေးတယ်လို့ ပရိသတ်တွေ ထင်ထားကြတဲ့ မင်းသမီးချော မိုးဟေကိုကတော့ “ မိုးကိုယ်တိုင်ပြောပြမယ့် မိုးဟေကိုအကြောင်း” ဆိုတဲ့ ဗီဒီယိုလေး ရိုက်ကူးထားတာ တွေ့ရပါတယ်။ ပထမဆုံး အနေနဲ့ သူမရဲ့ စိတ်နေစိတ်ထားလေးတွေကို ပရိသတ် သိအောင် ပြောပြလာပါတယ်။ 

“ မိုးရဲ့ စိတ်နေစိတ်ထားကို အပြင်ပန်းကကြည့်မယ်ဆိုရင် အနေအေးတယ်၊ စကားနည်းတယ် လို့ထင်ကြမယ်။ ဒါပေမယ့် မိုးကို ချစ်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက မိုးကို အမျိုးမျိုးဝေဖန်ကြတာတော့ရှိမှာပါ။ ကိုယ်တကယ်ရင်းနှီးသွားပြီဆိုရင် မိုးက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပေါင်းတတ်တယ်၊ အတည်ပေါက်ကြီးနဲ့ အရမ်းကို အစအနောက်သန်တယ်၊ အရီ(အရယ်) သံတယ် အဲဒီ (၃) ချက်ကတော့ မိုးမှာရှိတယ်” ဆိုပြီးတော့ ဇန်နဝါရီလ (၂၁) ရက်နေ့ ညနေ (၆) နာရီ ခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုဖိုင်လေးတင်ရင်း ပြောခဲ့တာပါ။ 

Photo: Moe Hay Ko

မိုးဟေကိုဟာ အနုပညာအလုပ်သာမက စီးပွားရေး အလုပ်တွေကိုပါ ကိုယ်တိုင်ဦးစီးပြီး လုပ်နေသူတစ်ယောက်ပါ။ ဒါကလည်း သူမရဲ့ အကျင့်အတိုင်း စိတ်အားထက်သန်မှုရှိတဲ့ အရာတိုင်းကို မဖြစ် ဖြစ်အောင် လုပ်တတ်တယ်လို့ ဆိုပါတယ်။ 

“ မိုးရဲ့ အကျင့်တွေကတော့ ကိုယ်တကယ် စိတ်အားထက်သန်တဲ့ အရာဆိုရင် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ အကျင့်တစ်ခုရှိတယ်၊ မလုပ်ချင်ဘူး စိတ်မပါဘူးဆိုရင် ဘယ်လောက် ကောင်းနေတဲ့ အရာပဲ ဖြစ်ဖြစ် ကိုယ်က ခေါင်းမာတယ်ပဲ ပြောရမလားပေါ့နော်။ အဲဒီအကျင့်က ကောင်းတာလား မကောင်းတာလားလည်း မသိဘူး။ စိတ်မပါရင် အားနာပြီးတော့တောင် လုပ်လေ့လုပ်ထမရှိဘူး။ မိုးနဲ့ ရင်းနှီးတဲ့ သူတိုင်းက မိုးကို ပြောလေ့ရှိတယ်။ နင်က အရမ်းဇီဇာကြောင်တယ်၊ စိတ်ကောက်တတ်တယ်၊ စကားအရမ်းများတယ်တဲ့။ ဟုတ်လား မဟုတ်လားတောင် ကိုယ့်ကိုယ်ကိုယ် မစဉ်းစားတတ်တော့ဘူး” လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ 

Photo: Moe Hay Ko

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က