မိခင်ဖြစ်သူသာ အသက်ရှင်နေဦးမယ်ဆိုရင်အသက်(၆၉) နှစ်ပြည့်ပါပြီ။
Sabal Thwin

သရုပ်ဆောင် စမိုင်းလ်ကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့လေးကို ကုသိုလ်ကောင်းမှုတွေ လုပ်ပေးရင်း အမျှပေးဝေခဲ့ပါတယ်။ 

Photo: Smile



သရုပ်ဆောင် စမိုင်းလ်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်အမြဲမပြတ်လုပ်ဆောင်လေ့ရှိသူ တစ်ယောက်ပါ။ အခုလည်း ဒီနေ့မှာကျရောက်တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်ပေးခဲ့တာ တွေ့ရပါတယ်။ 

" မေကြီးရှိသေးရင်အသက် (၆၉) ပြည့်တဲ့နေ့။ ဒီနေ့ကျရောက်တဲ့အမေရဲ့မွေးနေ့မှာ သစ်တံခါးကျောင်းသို့ထောပတ်ထမင်းကပ် လေးလေးဘုန်းဘုန်းကျောင်းသို့နေ့ဆွမ်းထောပတ်ထမင်းကပ် အလှူငွေ (၁၀)သိန်းကပ်လှူပူဇော်။ သမီးတို့ပြုတဲ့ကုသိုလ်တွေ အမေကြားပါ သိပါစေ။ အမျှ အမျှ အမျှပါမေကြီးရေ" ဆိုပြီးတော့ ဇန်နဝါရီလ (၂၅) ရက်နေ့ နေ့လယ် ၁၂ နာရီက သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားရင်း အမှတ်တရ ဓာတ်ပုံလေးတွေ တင်ခဲ့တာကို တွေ့ရပါတယ်။ 

Photo: Smile

လက်ရှိမှာတော့ စမိုင်းလ်ဟာ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီ ဒေါ်ခင်လေးဆွေကို ပြုစုစောင့်ရှောက်ရင်း မိသားစုတွေ အတူတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာ တွေ့ရပါတယ်။ သူမအနေနဲ့ အနုပညာအလုပ်တွေကို (၁၄) နှစ်သမီးအရွယ်ကတည်းက စတင်လုပ်ဆောင်ခဲ့သူပါ။ အဲဒီနောက် Model တစ်ယောက်အနေနဲ့ မဂ္ဂဇင်းကာဗာများ၊ တီဗီကြော်ငြာ များစွာလည်း ရိုက်ကူးခဲ့ရသူဖြစ်ပြီး ဇာတ်ကားပေါင်း (၁၀၀) ကျော် ရိုက်ကူးခဲ့ဖူးတဲ့ အမျိုးသမီး သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ 

Photo: Smile

 အခုချိန်မှာတော့ သရုပ်ဆောင် စမိုင်းလ်က ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒါ့အပြင် ရုပ်ရှင်ပြသရေး၊ ဗီဒီယိုဇာတ်ကား ထုတ်လုပ်ဖို့ အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေအတွက် အကူအညီဖြစ်စေဖို့ Smile Online Cinema ဆိုတဲ့ App ကိုလည်း တည်ထောင်ထားသူဖြစ်ပါတယ်။ အဲဒီနောက် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်နေတဲ့ ပရိသတ်တွေအတွက် Smile Mart ကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က