အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူလေးပါ။
Sabal Thwin

ဖွေးဖွေးကတော့ ခိုကိုးရာမဲ့ Single Mother များနဲ့ ကလေးငယ်များကို စောင့်ရှောက်ပေးနေတဲ့ မာမီကွတ်ဖောင်ဒေးရှင်းသို့ သူမရဲ့ နှစ်ဦးကုသိုလ်အလှူလေး ပြုခဲ့တာကို တွေ့ရပါတယ်။ 

Photo: မာမီကွတ်ဖောင်ဒေးရှင်း



သရုပ်ဆောင် ဖွေးဖွေးကတော့ သူမရဲ့ နှစ်ဦး အလှူလေးကို မာမီကွတ်ဖောင်ဒေးရှင်းမှာရှိတဲ့ ကလေးများ၊ Single Mother များအတွက် လိုအပ်တာတွေ အသုံးပြုနိုင်ဖို့ ငွေကျပ်(၉) သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဖွေးဖွေးရဲ့ အလှူအတွက် မာမီကွတ်ဖောင်ဒေးရှင်းမှာ တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ 

" ညီမလေးဖွေးဖွေးမှ နှစ်ဦးအလှူအဖြစ် မာမီကွတ်ဖောင်ဒေးရှင်းသို့  အလှူငွေ ကိုးသိန်းကျပ်တိတိ လှူဒါန်းပါတယ်ခင်ဗျာ။ ယခုလို မာမီကွတ်ဖောင်ဒေးရှင်းမှာ ခိုကိုးရာမဲ့ Single Mother များ၊ ကလေးများအပါဝင် လူပေါင်း ၅၀ကျော် ရှိနေသော မာမီကွတ်ဖောင်ဒေးရှင်း သို့ စေတနာမေတ္တာဖြင့်လာရောက်လှူ ဒါန်းကြသောအလှူရှင်များအားကျေးဇူးတင်ပါတယ်ခင်ဗျာ။ မာမီကွတ် မရှင်ငြိမ်းမယ် Covid19 ဖြစ်သွားပြီးမကျန်းမာချိန် အဖက်ဖက်က စိတ်ဓာတ်ခွန်အားပေး၊ ကလေးတွေ ကို အရမ်းချစ်ပြီးစောင့်ရှောက်ပေးတဲ့ ဖွေး ကျန်းမာချမ်းသာပါစေ။ သရုပ်ဆောင်အလုပ်တွေ လည်းဒီထက်မကအောင်မြင်ပြီး အကယ်ဒမီတွေလည်း ရပါစေ လို့မာမီကွတ်မိသားစုမှ ဆုတောင်းပေးပါတယ်ခင်ဗျ" ဆိုပြီးတော့ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းက မာမီကွတ် ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင် ကူညီရေး ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။  

Photo: မာမီကွတ်ဖောင်ဒေးရှင်း

ဖွေးဖွေးကတော့ ကိုဗစ်ကာလမှာ သူမအနေနဲ့ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။ ၂၀၂၀ ခုနှစ် သြဂုတ်လအတွင်းမှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့တုန်းကလည်း အလှူအတန်းတွေ လုပ်ရင်းနဲ့ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ ဖွေးဖွေးဟာ အနုပညာလောကထဲကို ကြော်ငြာရိုက်ကူးရင်းကနေတဆင့် ဝင်ရောက်လာခဲ့တာပါ။ ဒါ့အပြင် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကိုလည်း ရိုက်ကူးခဲ့ဖူးသူ တစ်ယောက်ပါ။ အဲဒီနောက် ပရိသတ်အခိုင်အမာ ရရှိပြီးနောက် ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ အခုဆိုရင် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ (၃) ဆုတောင် ရရှိပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ 

Photo: Phway Phway

ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ဖွေးဖွေးက ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Untact 2020 Asia Model Festival ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီးအနုပညာရှင်တစ်ယောက်အနေနဲ့ "Asia Special Award” ဆုကိုလည်း ရရှိပိုင်ဆိုင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က