ကိုဗစ်ကာလဖြစ်လို့ တရားစခန်းမသွားဘဲ အိမ်ကနေ ဝင်လို့ရတဲ့ တရားစခန်းဝင်နေတာပါ။
Sabal Thwin

သရုပ်ဆောင် သက်မွန်မြင့်က အနုပညာအလုပ်တွေ နားနေတဲ့ အချိန်မှာ အိမ်မှာနေရင်း ဘုရား၊ တရား အလုပ်ကို အရင်ကထက် ပိုလုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

Photo: Thet Mon Myint



သက်မွန်မြင့်က ကိုဗစ်ကာလမှာ ရိုက်ကူးရေး အလုပ်တွေ ရပ်နားထားရပြီး အိမ်မှာနေတဲ့အချိန်တွေကို ဘာသာရေး လုပ်ရင်းဖြတ်သန်းနေသလို သမီးငယ်လေး လဝန်းကလည်း မိခင်၊ အဘိုး၊ အဘွားတို့နဲ့ အတူ ဘာသာရေးကို စိတ်နှစ်ပြီးလိုက်လုပ်နေတာကို တွေ့ရပါတယ်။ 

" တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလိုပေါ့။ ၉ ရက် တရားစခန်း( အိမ်ကနေ zoomနဲ့) ဝင်တော့ သူလိုက်ထိုင်တာ။ သက်မွန်ကိုယ်တိုင်လည်း မေမေက ဘုရားတရား အရမ်းလုပ်တော့ ကိုယ်ပါ စိတ်နှစ်ပြီး လုပ်ဖြစ်တယ်။ ကလေးဘဝကတည်းက မေမေ ပုတီးစိပ်ရင် စိတ်ဝင်တစား ကြည့်ပြီး မေမေသင်ပေးတာ လိုက်လုပ်တာ။ အနုပညာ အလုပ်စ လုပ်တော့လည်း ဘုရားမှ တစ်ပါး အားကိုးရာ မရှိခဲ့တော့ ပိုလုပ်ဖြစ်တယ်" ဆိုပြီးတော့ သမီးငယ်လေး လဝန်းနဲ့အတူ မိသားစု တရားမှတ်နေတဲ့ အမှတ်တရပုံလေးတွေ ရိုက်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Thet Mon Myint

လက်ရှိမှာတော့ သက်မွန်မြင့်ဟာ သဲအင်းဂူ " သေနည်းသင်" ဆိုတဲ့ တရားစခန်းကို ဝင်နေတာဖြစ်ပါတယ်။ ဒီ တရားစခန်းကို ဝင်ဖြစ်သွားတဲ့ ရည်ရွယ်ချက်ကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ 

" ခု အလုပ်မလုပ်ရတော့ အိမ်မှာ နေရတဲ့ချိန် အိမ်ကနေ တရားစခန်းဝင်လို့ရတယ်ဆိုတော့ ဝင်ဖြစ်တယ်။ ဆရာ ကေသာဦးရဲ့ သဲအင်းဂူ " သေနည်းသင်"ဆိုတော့ ပိုစိတ်ဝင်စားသွားတာ.. သေမလိုဖြစ်တုန်းက စိတ်တွေယောက်ယက်ခတ်ခဲ့တာကိုး.. ဝေဒနာနဲ့ စိတ်ကို ဘယ်မှာ အာရုံပြုရမလဲဆိုတာ သိချင်နေခဲ့တာ ခုတော့ သိပြီ ကိုယ် ဆက်ပြီး ကျင့်ကြံသွားဖို့ပဲ လိုတော့တယ်။ ကျင့်သားမရရင် ယောက်ယက်က ခတ်ဦးမှာပဲ" ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ အနုပညာလောကထဲကို အသက်(၁၈) နှစ်ကတည်းက ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူမက VCD သီချင်းတွေမှာ စတင် သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးမှု ရရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။လက်ရှိမှာ သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းတဲ့ သားတစ်ယောက်နဲ့သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ အကယ်ဒမီ မင်းသမီးချောလေး တစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က