City FM (၁၉) နှစ်ပြည့် ဂီတဆုပေးပွဲကြီးမှာ ပရိသတ်တွေအားပေးမှု အခိုင်အမာ ရရှိထားတဲ့ မြန်မာသံစဉ် အဆိုတော် ဘာဘရာ က အကောင်းဆုံးမြန်မာသံစဉ်တေးသံရှင် ဆုကို ရရှိသွားပါပြီ။
Photo: City FM
နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြ အစီအစဉ်တစ်ခုဖြစ်တဲ့ City FM ဂီတဖျော်ဖြေပွဲကြီးကိုတော့ ကိုဗစ်ကာလမှာ မဖြစ်မနေ ကျင်းပပြုလုပ်ရမယ့် ပွဲ တစ်ခုအနေနဲ့ ဒီနေ့ ဇန်နဝါရီလ (၃၀) ရက်နေ့ ညက အွန်လိုင်းပေါ်ကနေတဆင့် Virtual Event အနေနဲ့ သာ ကျင်းပပြုလုပ်နေတာ တွေ့ရပါတယ်။ ဒီဆုပေးပွဲမှာတော့ မြန်မာသံစဉ်တေးသီချင်း ဆုကိုတော့ တေးသံရှင် ဘာဘရာ က ရရှိသွားပါတယ်။
“ ဂန္တဝင်တေးအလှများနဲ့ တေးသီချင်းဆုကို ချီးမြှင့်ပေးတဲ့ City FM ကို ကျေးဇူးတင်ပါတယ်။ ဘာဘရာ ချစ်တဲ့ မြန်မာပြည်ကြီးကိုလည်း လွမ်းပါတယ်။ မြန်မာသံစဉ်ကို သင်ကြားပေးခဲ့ကြတဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို ကျေးဇူးတင်ပါတယ်” လို့ ဘာဘရာက ပြောခဲ့ပါတယ်။
Photo: City FM
လက်ရှိမှာတော့ ဘာဘရာဟာ ဆန်ဖရန်စစ်စကို မှာ နေထိုင်တာဖြစ်ပြီး မြန်မာသံစဉ်တွေကို သာ သီဆိုလေ့ရှိတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။