ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်ခဲ့ရတဲ့ ပွဲ တစ်ခုပါ။
Sabal Thwin

City FM (၁၉) နှစ်ပြည့် ဂီတ ဆုပေးပွဲကြီးမှာ ဆုစုစုပေါင်း ၆ ဆု ချီးမြှင့်ခဲ့ပါတယ်။


နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြ အစီအစဉ်တစ်ခုဖြစ်တဲ့ City FM ဂီတဖျော်ဖြေပွဲကြီးကိုတော့ ဒီနေ့ ဇန်နဝါရီလ (၃၀) ရက်နေ့က အွန်လိုင်း ကနေတဆင့် Virtual Event အနေနဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ ပွဲမှာတော့ ဂီတဆု (၆ ) ဆုသာ ချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။ ချီးမြှင့်ခဲ့တဲ့ဆုတွေကတော့ မြန်မာသံစဉ်တေးသီချင်း သီဆိုသူ ဆု၊ ဂီတမျိုးဆက်သစ်ဆု၊ အကောင်းဆုံးအမျိုးသမီးတေးသံရှင်ဆုနဲ့ အမျိုးသားတေးသံရှင်ဆု၊ တေးသီချင်းတောင်းဆိုခံရမှုအများဆုံး အမျိုးသားတေးသံရှင်နဲ့ အမျိုးသမီးတေးသံရှင်ဆုတို့ပဲဖြစ်ပါတယ်။ဆုရရှိသူတွေကတော့




 မြန်မာသံစဉ်တေးသီချင်း သီဆိုသူဆုကို ဘာဘရာ


ဂီတမျိုးဆက်သစ်ဆုကို Go away corona သီချင်းရေးသားခဲ့သူ ဒေါက်တာ ဖြိုးဝေလင်း


အကောင်းဆုံး အမျိုးသမီးတေးသံရှင်ဆုကို မေလသံစဉ်


အကောင်းဆုံး အမျိုးသားတေးသံရှင်ဆုကို ဇော်ဝင်းထွဋ်


တေးသီချင်းတောင်းဆိုခံရမှုအများဆုံး အမျိုးသားတေးသံရှင်ဆုကို ဖြိုးမြတ်အောင်


တေးသီချင်းတောင်းဆိုခံရမှုအများဆုံး အမျိုးသမီးတေးသံရှင်ဆုကို နီနီခင်ဇော်တို့က ရရှိခဲ့ပါတယ်။

အခုဆိုရင် City FM ဂီတဆုပေးပွဲကို ( ၁၉ ) နှစ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။  ဒီဂီတဆုပေးပွဲမှာ ဇော်ဝင်းထွဋ်၊သားသား ၊ ဖြိုးပြည့်စုံ၊ “ Eternal Gosh ၊ ဖြိုးမြတ်အောင်၊ Hangover ii ၊ မေဆွိ၊ ဝိုင်းစုခိုင်သိန်း၊ ရတနာမိုင်၊ နီနီခင်ဇော်၊ မိစန္ဒီ ၊ ဂျူဝယ်လ်၊ ဘာဘရာ၊ မေလသံစဉ်နဲ့ ချမ်းမြေ့မောင်ချိုတို့က တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြပါတယ်။ 

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကျ City FM ဂီတဖျော်ဖြေပွဲကြီးကို ကိုဗစ်ကာလဖြစ်တဲ့အတွက် ဒီနေ့ ဇန်နဝါရီလ (၃၀) ရက်နေ့ ညက အွန်လိုင်းပေါ်ကနေတဆင့် Virtual Event အနေနဲ့ သာ ကျင်းပပြုလုပ်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က