သရုပ်ဆောင် အလင်းရောင်နဲ့ ရတနာဗိုလ်၊ အဆိုတော် သားငယ်နဲ့ Ar-T တို့လည်း ပါဝင်ပါတယ်။

သရုပ်ဆောင် ခင်ဝင့်ဝါနဲ့ သူငယ်ချင်းများက လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို နာရေးကူညီမှုအနေနဲ့ ငွေကြေးလှူဒါန်းတွေ ပြုလုပ်နေပါတယ်။ 

Photo: Khnin Wint Wah



နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ကျဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ အတွက် သရုပ်ဆောင် အလင်းရောင်၊ သားငယ်၊ ခင်ဝင့်ဝါ၊ ရတနာဗိုလ်၊ အဆိုတော် Ar-T နဲ့ နောက်ထပ် သူငယ်ချင်းတွေ စုပေါင်းပြီး ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ဒီအလှူအတွက် ငွေကျပ် သိန်း(၁၀,၀၄၀,၀၀၀) ကျပ် ရရှိထားတယ်လို့ ခင်ဝင့်ဝါက ပြောပါတယ်။ 

" ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေတွေ စုပေါင်းပြီး တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ပြည်သူတွေအတွက်အလှူငွေ ကောက်ခံခဲ့တာ စုစုပေါင်း 10,040,000 သိန်း ရရှိခဲ့ပါတယ်။ ဒီနေ့ရွှေပြည်သာမှမောင်လေး ညီညီအောင်ထက်နိုင်ရဲ့နာရေးအတွက် ၁၆ သိန်း နဲ့ လှိုင်သာယာက ဆရာမ ဒေါ်တင်နွဲ့ရီရဲ့ နာရေးအတွက် ၁၆ သိန်း ကို ကိုယ်တိုင် သွားရောက်ပေးအပ်ခဲ့ပါတယ်။နောက်ရက်တွေမှာလည်း လိုအပ်သည့်နေရာများကို ဆက်သွယ်ကူညီသွားပါမည်။ ပါဝင်ကုသိုလ်ယူကြသော သူငယ်ချင်းမိတ်ဆွေများ အားလုံး ကို ကျေးဇူးတင်ပါတယ်" ဆိုပြီးတော့ မတ်လ (၃) ရက်နေ့ ညနေ (၆) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ ဒါ့အပြင် သွားရောက်လှူဒါန်းခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေလည်း တင်ခဲ့ပါသေးတယ်။ 

Photo: Khnin Wint Wah

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံအနှံ့အပြားမှာရှိကြတဲ့ မြန်မာနိုင်ငံသားများက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်လျက်ရှိပြီး အဆိုပါလှုပ်ရှားမှုတွေထဲမှာ အနုပညာရှင်အများအပြားလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ ဆန္ဒပြရာမှာ ပါဝင်မှုကြောင့်လည်း သရုပ်ဆောင်လူမင်း၊ သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့ဟာ ပုဒ်မ ၅၀၅ (က) ကြီးနဲ့ အမှုဖွင့်ခံထားရပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ညမှာ လူမင်း ဖမ်းဆီးခံခဲ့ရပါတယ်။




က္က