သရုပ်ဆောင် စမိုင်းလ်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်း မန္တလေးမြို့မှာ ကျဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအတွက် နာရေးကူညီမှုအနေနဲ့ ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။
Photo: Smile
လက်ရှိ နိုင်ငံရေးအခြေအနေအရ မန္တလေးမြို့အတွင်းမှာရှိတဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ကျဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ အတွက် သရုပ်ဆောင် စမိုင်းလ်က ငွေကျပ် (၁၀) သိန်းစီ နာရေးကူညီထောက်ပံ့ငွေ ပေးခဲ့တယ်လို့ သိရပါတယ်။
Photo: Amazing Grace
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံအနှံ့အပြားမှာရှိကြတဲ့ မြန်မာနိုင်ငံသားများက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်လျက်ရှိပြီး အဆိုပါလှုပ်ရှားမှုတွေထဲမှာ အနုပညာရှင်အများအပြားလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ ဆန္ဒပြရာမှာ ပါဝင်မှုကြောင့်လည်း သရုပ်ဆောင်လူမင်း၊ သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့ဟာ ပုဒ်မ ၅၀၅ (က) ကြီးနဲ့ အမှုဖွင့်ခံထားရပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ညမှာ လူမင်း ဖမ်းဆီးခံခဲ့ရပါတယ်။