စိတ်လှုပ်ရှားလို့ နေပါတယ်။

ချစ်သုဝေက ''ပညာရေးသံတမန်'' တစ်ဦးအဖြစ် ဆောင်ရွက်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားလို့နေပါတယ်။ သူမဟာ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ထူးချွန်တတ်မြောက်စေချင်တဲ့ ဆန္ဒကို ပြောပြလာပါတယ်။

Photo: A Linn Yaung



ချစ်သုဝေကတော့ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မ ဌာနရဲ့ ပညာရေးသံတမန် တစ်ဦးအဖြစ် ဧပြီလ ၁ ရက်နေ့ က ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဒီတာဝန်ထမ်းဆောင်ရတော့မှာမို့ စိတ်လှုပ်ရှားလို့နေပါတယ်။ရှေ့ဆက်လုပ်ဆောင်သွားမယ့် သူမရဲ့ ရည်မှန်းချက်တွေကို အခုလို ပြောပြလာပါတယ်။

"မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (Myanmar learning resource centre-MLRC) " ရဲ့ "ပညာရေးသံတမန်" အဖြစ် ဆောင်ရွက်ခွင့်ရတော့မှာမို့ ပေးအပ်မယ့်တာဝန်တွေအတွက်အဆင်သင့်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတွင်းကိုမရောက်လာနိုင်တဲ့ ကလေးငယ်တွေအတွက် ပညာသင်ခွင့်ရရှိအောင် ဆောင်ရွက်နေတဲ့ MLRC အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ရတော့မှာမို့ ကျေနပ်ရတယ်’’လို့ ဆိုပါတယ်။

Photo: chit thu wai

ချစ်သုဝေဟာ ကလေးတိုင်းကို ပညာရေးနဲ့ ပတ်သက်ပြီး အရည်အသွေးမြင့်မားအောင် ဆောင်ရွက်ပေးချင်တယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ပညာရေးနဲ့ ပတ်သက်ပြီး အားတက်သရော ဆောင်ရွက်တတ်သူ တစ်ဦးဖြစ်ပါတယ်။

"အတန်းပညာ အတတ်ပညာ အသိပညာ ဉာဏ်ပညာ မည်သို့ပင်ကွဲပြားပေမယ့် လူတစ်ယောက်ရဲ့ ခံယူချက် ရပ်တည်ချက် အတွေးအခေါ် အယူအဆ များဟာ ပညာနဲ့ ယှဉ်မှသာ မှန်ကန်အောင်မြင်နိုင်မှာမို့ပါ။ သမီးလေးတွေအပါအဝင် ကလေးတွေကို စာတတ် ပညာတတ်စေချင်တယ်၊ နောင်တစ်ချိန် ပညာတတ်သူတို့လေးတွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံမှာ ခေါင်းချခွင့်ရချင်တယ်။ ကမ္ဘာရဲ့ဘယ်နေရာရောက်ရောက် မြန်မာရယ်လို့ ပညာရဲရင့် ပွဲလယ်တင့်ချင်ပါတယ်’’ ဆိုပြီးတော့ ဧပြီလ ၁ ရက်နေ့ နေ့လယ် ၁ နာရီ ၅၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: A Linn Yaung

ဲဒီနောက် ပညာရေးသံတမန် တစ်ဦးအဖြစ် ရန်ကုန်တက္ကသိုလ်မှာ ချီးမြင့်ခြင်းခံခဲ့ရတာပါ။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းမတက်ခဲ့ရတဲ့ သူမဟာ ဒီကျောင်းနယ်မြေမှာ ပီတိဖြစ်စရာ အမှတ်တရ ၃ ခုရှိတဲ့အကြောင်း ပြောပြထားပါတယ်။

‘’ကိုယ်က ဆေးတက္ကသိုလ်၂ မှာ တက္ကသိုလ်တက်ခဲ့ရတော့ ရန်ကုန်တက္ကသိုလ်မြေကို ဒီတစ်ခါ တတိယအကြိမ် ရောက်ဖူးခြင်းပဲ။ ပထမတစ်ခါက်က ဆေးကျောင်းပထမနှစ် တစ်နိုင်ငံလုံး အမှတ်အများဆုံ းပထမဆုကို ဘွဲ့နှင်းသဘင်ခန်းမ မှာတက်ယူခွင့်ရတာ။ ဒုတိယအကြိမ်က ကိုယ် ဘွဲ့ရတာ၊ ခု တတိယအကြိမ်က ပညာရေးသံတမန် အဖြစ် ခန့်အပ်ခံရတာ။ မေမေနဲ့ dae ကိုတော့ ဘဝမှာ ၃ ခါလောက် ပီတိတွေပေးဖူးခြင်းအမှတ်တရပေါ့လေ’’ လို့ သူကဆိုပါတယ်။


Photo: A Linn Yaung

ျစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က